Sales ချလိုက်တာနဲ့ ရောင်းရပြီလား။

လူတွေရဲ့ စိတ်ထဲမှာ Sales ချလိုက်ရင် တန်တယ်လို့ ထင်တတ်ကြပါတယ်။ အဲ့လို ထင်လာအောင်လည်း Brand တွေဘက်က Sales Promotion တွေ လုပ်ကြတဲ့အခါမှာ လူတွေရဲ့ မသိစိတ်ထဲကို သူတို့ Brand က တန်တယ်ထင်လာအောင်လို့ဖော်ပြကြပါတယ်။ “အရင်တုန်းက ဘယ်လောက်ဈေး နဲ့ရောင်းတယ်….အခု Sales ချလိုက်ပါပြီနော်”  ဆိုတာကို လူတွေဝယ်ချင်လာအောင် Design ဆန်းဆန်းလေးတွေနဲ့ ကြော်ငြာကြရပါတယ်။ ဒါမှလည်း လူတွေက ဝယ်ကြမှာကိုး…

ဒီလို Sales Promotion တွေ လုပ်ကြတဲ့အခါ ကိုယ့် Brand က ဘယ်လို Sales Promotion method ကို သုံးပြီး လုပ်မယ်ဆိုတာကို သေချာ ရွေးချယ်ဖို့ လိုပါတယ်။ ဘယ်လို Method တွေ ရှိတယ်၊ ဘယ်လို အချိန်မှာ ဘယ် method ကို သုံးရင် ပို ထိရောက်မလဲ ဆိုတာကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။

၁။ Free Gift ပေးခြင်း Method

မိတ်ဆွေတို့ရဲ့ Brand က ပွဲရာသီကာလတွေမှာ Promotion ချနေတယ်ဆိုရင် ထို ပွဲကာလနဲ့ သက်ဆိုင်တဲ့ လက်ဆောင်လေးတွေပေးပြီး ရောင်းချခြင်းကြလည်း ကိုယ့်ရဲ့ Sales ကို တက်စေပါတယ်။

၂။ Discount ချရောင်းတဲ့ Method

ဒါကတော့ Brand တော်တော်များများ ရောင်းနေကျ ပုံစံဆိုတော့ အများကြီး ပြောဖို့မလိုဘူးထင်ပါတယ်။ မိတ်ဆွေတို့ရဲ့ ရောင်းချနေတဲ့ မူရင်းဈေးကို ဘယ်လောက် ဈေး ကို ချလိုက်ပြီ၊ ဘယ်လောက် ရာခိုင်နှုန်း လျော့လိုက်ပြီ စသဖြင့် လျော့ဈေးတွေနဲ့ ဝယ်သူတွေသိအောင် ရောင်းချတဲ့ နည်းပဲ ဖြစ်ပါတယ်။ ဒီ နည်း ကတော့ လူတွေရဲ့ စိတ်ကို ဝယ်ချင်လာအောင် အလုပ်နိုင်ဆုံးပဲ ဖြစ်ပါတယ်။

၃။ Free Sample ကျွေးတဲ့၊ ပေးတဲ့ Method

မိတ်ဆွေတို့ရဲ့ Brand က အခုမှ စပြီး ဈေးကွက်မှာ ရောင်းချမယ်ဆိုရင် Free Sample ပေးခြင်းနည်းက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ လူတွေ မသိသေးတဲ့ Brand တစ်ခုအတွက် လူတွေနဲ့ ရင်းနှီးအောင် လုပ်ဖို့က အရေးကြီးဆုံး အချက်ပါ။

ဥပမာ အနေနဲ့ မိတ်ဆွေက ခေါက်ဆွဲ အသစ်တစ်မျိုးကို ထုတ်လိုက်တယ်ထား။ လူတွေနဲ့ ရင်းနှီးဖို့အတွက် မိတ်ဆွေရဲ့ ပစ္စည်းကို ရမဲ့နေရာတွေမှာ Sampling ကျွေးဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ယနေ့ခေတ် လူသုံးအများဆုံးဖြစ်တဲ့ Facebook Platform ပေါ်မှာလည်း မိတ်ဆွေရဲ့ Brand က လူတွေနဲ့ ရင်းနှီးအောင် လုပ်ဖို့လိုအပ်ပါတယ်။ ဒါမှလည်း  မိတ်ဆွေရဲ့ ခေါက်ဆွဲအသစ် ဟာ မြန်မြန်နဲ့ လူများများ သိစေမှာပဲ ဖြစ်ပါတယ်။

 ၄။ Vouchers တွေ၊ Coupon တွေ ပေးတဲ့ Method

Brand တွေ အနေနဲ့  Onlineကနေ သူတို့ရဲ့ ဝယ်နေကျ Customer တွေကို Coupon Code တွေပေးတာပဲ ဖြစ်ဖြစ်၊ တစ်ခြား မိတ်ဖက် company တွေနဲ့ ပေါင်းပြီး Joint Promotion အနေနဲ့ Gift Voucher တွေပေးတာပဲ ဖြစ်ဖြစ် အသုံးပြုကြပါတယ်။ ဒီနည်းလမ်းကလည်း Brandတွေ တစ်နှစ် တစ်ခါ လောက်တော့ အနည်းဆုံး သုံးသင့်ပါတာပေါ့။

———-

ထပ်လောင်းအနေနဲ့ “Buy One, Get One”နည်းကိုလည်း မိတ်ဆွေရဲ့  ကုန်ပစ္စည်း ရောင်းအားကျနေလို့ပဲဖြစ်ဖြစ်၊ Expire နီးသွားတဲ့ ပစ္စည်းတွေကို Expire မဖြစ်ခင် မရှုံးရလေအောင် ၂လ အလို၊ ၃လ အလိုမှာ ရောင်းတဲ့အခါပဲ ဖြစ်ဖြစ် အလွန် အသုံးဝင်တဲ့ နည်းလေးပဲ ဖြစ်ပါတယ်။  ဒါကြောင့်လည်း ကုန်ပစ္စည်း အလေအလွင့်နည်းအောင်  FIFO/ LIFO နည်းစနစ်ကို အသုံးပြုပြီး ထိန်းသိမ်းသင့်ပါတယ်။

———-

ဘယ်နည်းစနစ်တွေက မိတ်ဆွေတို့ရဲ့ Brand အတွက် အသုံးပြုသင့်တယ်တယ်ဆိုတာ သေချာလေး စဉ်းစားပြီး အကောင်အထည်ဖော်သင့်ပါတယ်။

အားလုံး ရောင်းကောင်းကြပါစေ။

One comment

Leave a Reply

Your email address will not be published. Required fields are marked *