December 21, 2024
Productivity

တိုးတက်တဲ့ ဘဝ ဖြစ်လာစေဖို့…

🎯 Proactive သမားလား reactive သမားလား…

🎯 မိတ်ဆွေက ဘယ်လိုလူပါလဲ။

✅ Reactive သမားတွေဟာ ပြောင်းလဲရမှာကို မုန်းတဲ့သူတွေများပါတယ်။

✅ တော်ရုံလည်း မပြောင်းလဲချင်ကြပါဘူး။

✅ ပြောင်းလဲခြင်းဆိုတာ သူဘာသာသူ လာမယ်လို့ ထင်နေကြတတ်တဲ့ သူတွေပါ။

✅ ပြောင်းလဲရမယ်ဆိုလည်း ကိုယ်တိုင် တိုးတက်အောင် ကြိုးစားချင်ကြတာထက် ဖြစ်ပေါ်လာမယ့်

အခြေအနေတွေပေါ် ကို မူတည်ပြီးပဲ ပြောင်းလဲတတ်ကြပါတယ်။

📌 အဲ့လို Reactive သမားတွေဟာ employee mindset ရှိကြတဲ့သူတွေများပါတယ်။


✅ Proactive သမားတွေဟာ ကိုယ်ကိုတိုင်က တစ်နေ့ထက်တစ်နေ့ ဘယ်လို ပိုကောင်းအောင် လုပ်ရမလဲ၊

✅ တိုးတက်အောင် ဘယ်နည်းတွေ သုံးပြီး ကြိုးစားရမလဲဆိုပြီး အမြဲ ရှာကြံ လုပ်ဆောင်နေတတ်ပါတယ်။

✅ ပြောင်းလဲခြင်းဆိုတာ ကိုယ်ကိုတိုင် လုပ်မှ ရမယ်လို့ သတ်မှတ်ထားတတ်ကြတဲ့သူတွေပါ။

✅ ဒါကြောင့်လည်း တိုးတက်ကောင်းမွန်တဲ့ ဘဝတွေ ကို ဖြစ်လာဖို့ကို ကိုယ်တိုင် ပုံဖော်တတ်ကြပါတယ်။

✅ ကိုယ်တိုင် ပုံဖော်မှလည်း အားရတတ်ကြတဲ့သူတွေပါ။

📌 Proactive သမားတွေဟာ owner’s mindset ရှိကြတဲ့သူတွေပဲ ဖြစ်ပါတယ်။


🎯 Proactive ဖြစ်ချင်လား၊ Reactive ဖြစ်ချင်လား ဆိုတာ မိတ်ဆွေရဲ့ ရွေးချယ်မှုပါ။

🎯 သိပ်မပင်ပန်းချင်ရင်တော့ Reactive သမား လိုပဲဲနေပေါ့ဗျာ…

🎯 ဒါပေမယ့် ဘဝကို တိုးတက်ချင်တယ်၊ ပြောင်းလဲအောင် ကြိုးစားချင်တယ် ဆိုရင် Proactive သမားလိုနေပြီး ကိုယ်တိုင်လုပ်မှ ရမယ်ဆိုတဲ့ စိတ်ထည့်ပြီး လုပ်ဆောင်နေရပါမယ်။

📌 ဒီလို လုပ်ဆောင်တဲ့နေရာမှာ အကျိုးရှိစေမည့် အချက် (၅) ချက် ကို ပြောပြပေးသွားပါမယ်။


၁။ ။ ဘာဖြစ်ချင်လည်းဆိုတာ သိအောင် ကြိုးစားပါ။

✅ ဘဝမှာ ဘာဖြစ်ချင်ဆိုတာ သဲသဲကွဲကွဲ သိဖို့လိုပါမယ််။

✅ သိသွားရင် ဖြစ်ချင်တဲ့ နေရာကို ဘယ်လိုရောက်အောင် သွားမလဲဲ ဆိုတာ စဥ်းစားရမယ်။

📌 သင့်ရဲ့ ဖြစ်ချင်တဲ့ အရာတွေက ဖြစ်အောင် ဘယ်လိုအကြောင်းအရာတွေက ကူညီပေးနိုင်မလည်း၊ ဘယ်လိုတွေလုပ်ရင် အောင်မြင်မှုကို ရနိုင်မလည်းဆိုတာကို သေချာ ချရေးဖို့လိုပါတယ်။


၂။ ။ရည်မှန်းချက် ကြီးကြီးထားပါ

✅ ကိုယ် ‌ နောက် ၁ နှစ်မှာ ဘာဖြစ်ရမယ်၊

✅ နောက် ၃ နှစ်မှ ဘာဖြစ်ရမယ််၊

✅ နောက် ၅ နှစ်မှာ ဘာဖြစ်ရမယ် ဆိုပြီး ဖြစ်ရမည့် အရာကို လည်း ရည်မှှန်းချက်ကြီးကြီးထားပြီး

📌 ကိုယ်က ဘယ်နေရာကို ရောက်နေပြီဆိုတာ အမြဲ သိရအောင် mornitor လုပ်နေသင့်ပါတယ်။


၃။ ။ ခက်ခဲတဲ့ ပန်းတိုင်းတွေ၊ ရည်မှန်းချက်တွေ ထားပါ။

✅ လွယ်လွယ်ကူကူ မရရင် လူတွေက ပိုပြီး တန်ဖိုးထားတတ်ပါတယ်။

📌 ဒါကြောင့်လည်း ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို ခက်ခဲအောင် ထားမယ်ဆိုရင် အဲ့လို ခက်ခဲတဲ့ ရည်မှန်းချက်တွေကို ဖြစ်အောင် ကြိုးစားဖို့ အမြဲ စဥ်းစားလုံးပန်းနေမှာပါ။


၄။ ။ ကြီးကြီးရအောင် သေးသေးက စနစ်တကျ လုပ်ပါ။

✅ နေ့စဥ်၊ အပတ်စဥ် သေးငယ်တဲ့ ပန်းတိုင်လေးတွေကို ဖြည်းဖြည်းချင်း အောင်မြင်အောင်လုပ်ပြီး ကြီးမားတဲ့ ရည်မှန်းချက်ဆီကို ဆက်ချီတက်ပါ။

📌 ဒီလိုဆို ကြီးမားတဲ့ ပန်တိုင်တွေက ပုံပေါ်လာပြီး ရရှိဖို့ လွယ်ကူလာမှာပါ။


၅။ ။ Scheduled Reviews

✅ နောက်ဆုံး လိုအပ်တာက ကိုယ် ပန်းတိုင်ရောက်အောင်ကြိုးစားနေတာတွေက ဘယ်ဆီရောက်နေပြီဆိုတာ ၃လ တစ်ခါ၊ ၆လ တစ်ခါ ကိုယ့်ကိုယ်ကို ပြန်လည်စီစစ် သုံးသပ်ပါ။

✅ ဒါမှလည်း ပန်းတိုင်ရောက်ဖို့ လိုအပ်နေတာတွေ ရှိသေးရင်လည်း ပြင်ဆင်ပြီး ထပ်ဖြည့်လို့ရတာပေါ့။

📌 နောက်ဆုံးရဲ့ နောက်ဆုံးအနေနဲ့ Proactive သမား ဖြစ်လိုတဲ့စိတ် လိုလိုလားလားရှိပြီး လုပ်ရမည့် အရာတွေကို သက်သက်မှတ်မှတ်နဲ့ လုပ်ကိုလုပ်မှ ရမယ်ဆိုတဲ့ စိတ်တွေနဲ့ ကြိုးစားမှ ရည်မှန်းထားတာတွေ အောင်အောင်မြင်မြင် ဖြစ်လာမှာပါ။


ကျန်းမာအောင် နေကြပါ❤️❤️❤️

အခုလို ကိုဗစ် ဆိုးရွားလာတဲ့ ကာလမှာ မိတ်ဆွေ မိတ်ဆွေ ကိုယ်တိုင်ရော၊ မိသားစုတွေကိုပါ ပိုပြီးဂရုစိုက်ဖို့ လိုအပ်လာပါပြီ။❤️

Leave a Reply

Your email address will not be published. Required fields are marked *