December 21, 2024
Productivity

Productivity ကောင်းချင်ရင် ဒီ အချက် (၃) ချက်ကို လုပ်ပါ။

လူတွေဟာ အမြဲ တိုးတက်ချင်ကြတယ်။ အလုပ်တွေ လုပ်တဲ့အခါမှာလည်း ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို အချိန်တိုင်း တွေးနေကြတယ်။

အလုပ်ချိန်ဟာ ပုံမှန် မနက် ၉နာရီကနေ ညနေ ၅နာရီအထိပဲဆိုတော့ တစ်ရက်ကို အနည်းဆုံး ၈ နာရီ အလုပ်လုပ်ချိန် ရှိကြပါတယ်။

လူတိုင်း တစ်ရက် ၈ နာရီ အလုပ်လုပ်တာချင်းအတူတူ တစ်ယောက်နဲ့ တစ်ယောက် အလုပ်ပြီးတာချင်း မတူကြပြန်ပါဘူး။

ဘာလို့လဲဆိုတော့ အလုပ်ပေါ် အာရုံစိုက်နိုင်တာချင်း မတူတာကြောင့်ပါ။ ဒါက ပြုပြင်လေ့ကျင့်လို့ရပါတယ်။

ဒါကြောင့်လည်း လူတွေက သူတို့ရဲ့ Productivity ကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် လူတိုင်းလိုလိုက ပြုပြင်လေ့ကျင့် နေထိုင်ချင်လာကြပါတယ်။

မိတ်ဆွေတို့အတွက် အကျိုးရှိစေမယ့် အချက် (၃) ချက် ကို အောက်မှာ ဆက်ကြည့်လိုက်ရအောင်…


၁။ ။ အလုပ်မှာ ဘာပဲဖြစ်ဖြစ် အသစ် (၃)ခုကို နေ့တိုင်း လေ့လာပါ။

အလုပ်မှာ ကိုယ် မသိသေးတာ၊ မလုပ်တတ်သေးတာတွေ ရှိမယ်။ အထက်က ကိုယ့် Senior ဆီက သင်ယူစရာတွေ၊ လေ့လာစရာတွေ ရှိမယ်။

ထိုနည်း၎င်းပါပဲဲ ကိုယ်ဘေးက အခြား လုပ်ဖော်ကိုင်ဖက်တွေဆီကလည်း JDတွေ မတူကြတာကြောင့် သူတို့ တစ်ရက်တာ လုပ်တာတွေထဲကနေလည်း လေ့လာစရာတွေ ရှိမယ်။

နောက်တစ်ချက်က တစ်ခြား ဌာနတွေမှာ ရှိတဲ့သူတွေဆီကနေလည်း သူတို့ ဘာတွေလုပ်နေသလဲဆိုတာကို လည်း Learn လုပ်လို့ရပါသေးတယ်။

အလုပ်မှာကြီးပဲ မဟုတ်ပါဘူး… ကိုယ့် စိတ်ဝင်စားတဲ့၊ ဝါသနာပါတဲ့ အရာတွေကိုလည်း လေ့လာလို့ရပါသေး တယ်။

ဘာပဲဖြစ်ဖြစ်ပါ… အရေးကြီးတာ‌ကတော့ နေ့စဥ် အသစ် (၃)ခု လေ့လာနေဖို့ပါ။


၂။ ။ 2 Sec, 2 min, 2 hour Rule ကို လေ့ကျင့်ကြည့်ပါ။

အလုပ်မှာ လူတော်တော်များများက အလုပ်တွေ ၄၊ ၅ ခု ပုံလာပြီဆို လုပ်ရတာ ကြာမယ့် အလုပ်ကို အရင်ဆုံး လုပ်ကြပါတယ်။ ဒါကြောင့်လည်း အလုပ်တွေမပြီးဘဲ ပုံနေတတ်ကြပါတယ်။

အဲ့လို မဖြစ်ရအောင် 2 sec နဲ့ ပြီးမယ့် အလုပ်တွေကို ပထမဦးဆုံး အရင်လုပ်၊ 2 min ကြာမဲ့အလုပ်တွေကို နောက်မှလုပ်၊ 2 hr လောက်ကြာမဲ့ အလုပ်တွေကိုတော့ နောက်ဆုံးမှ သေချာ အချိန်ပေးလုပ်သင့်ပါတယ်။

အလုပ်တစ်ခုလုပ်ရင်တော့ တစ်ခြားအလုပ်တစ်ခု ကို မရောပဲ အဲ့ အလုပ်တစ်ခု ကို အရင်ပြီးအောင် လုပ်သင့်ပါတယ်။ ‌မဟုတ်ရင်် ဘယ်အရာမှ မပြီးဘဲ ဖြစ်ကုန်ပါလိမ့်မယ်။


၃။ ။ ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပေးပါ။

ကျွန်တော်တို့က လူတွေပါ။ ခံစားချက်တွေ ရှိသလို အမြဲမမှန်တတ်ကြပါဘူး။ မှားတဲ့အခါလည်း မှားတတ်သလို တစ်ခါတစ်လေလည်း ဒီအလုပ်တစ်ခုကို ငါ မလုပ်နိုင်ရသလား ဆိုပြီး အားမလို အားမရ ဖြစ်တတ်ပါသေးတယ်။

ဒီတော့…ခဏလောက် ကိုယ့်ကိုယ်ကို အနားပေးကြည့်ပါ။

နေ့တစ်ဝက် ဖြစ်ဖြစ်၊ တစ်ရက်လောက် ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို စိတ်ပျော်ရွှင်အောင် နေလိုက်ပါ။

နောက်တစ်ရက်မှ စိတ်သစ်လူသစ်နဲ့ မရခဲ့တဲ့အလုပ်ကို ပြန်လုပ်ကြည့်လို့ ရပါသေးတယ်။

မိတ်ဆွေတို့လည်း ဘာတွေထပ်ဖြည့်ချင်လည်းဆိုတာကို comment မှာ ဝင်ရောက် ဆွေးနွေးသွားပေးကြပါ။

Leave a Reply

Your email address will not be published. Required fields are marked *