December 21, 2024
Productivity

Creativity Skill ကောင်းအောင် ဘယ်လိုလုပ်ကြမလဲ…

🎯 အလုပ်လုပ်ရင် Creativity ကောင်းကောင်းလေးနဲ့ လုပ်တက်တဲ့သူတွေက ပိုပြီး အောင်မြင်ကြပါတယ်။

🎯 သူများနဲ့ မတူ တမူထူးခြားနေတာမို့ အများရဲ့ စိတ်ဝင်စားမှုကို ရစေပါတယ်။

🎯Creativity ကောင်းအောင် ဘာတွေလုပ်သင့်သလဲဆိုတာကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။


၁။ ။ လေကောင်းလေသန့် ရှုပါ။

✅ အလုပ်တွေကို ရုံးခန်ထဲတွေ၊ အိမ်ထဲတွေမှာပဲ လုပ်နေရတော့ ကြာလာတော့ ထိုင်းမှိုင်းလာပါတော့တယ်။

✅ ဒီတော့ လန်းဆန်းတက်ကြွပြီး စိတ်ကြည်လင်လာအောင် လေကောင်းလေသန့်ကို ထွက်ရှုသင့်ပါတယ်။

(အခု အခြေအနေမှာတော့ မဟုတ်ဘူးပေါ့ဗျာ..)

📌 စိတ်ကြည်လင်နေမှလည်း ဖန်တီးနိုင်စွမ်းတွေ တက်လာမှာပါ။


၂။ ။ Musical Instrument တစ်ခုခုကို လေ့လာပါ။

✅ ဂီတက စိတ်ကို ချမ်းမြေ့ပျော်ရွှင်စေပါတယ်။

✅ စိတ်ချမ်းသာမှလည်း Creativity ကို တက်လာစေမှာပါ။

📌 အေးချမ်းမှုကိုရအောင်ရယ်၊ စိတ်ကို ကြည်လင်နေအာင် Instrument တစ်ခုခုကို လေ့လာထားသင့်ပါတယ်။


၃။ ။ Chess ကစားပါ။

✅ ဥာဏ် ကိုလွှာပြီး ကစားရတာမို့ Chess ကို တော်ရုံလူတွေ ကစားဖို့ ခက်ခဲကြပါတယ်။

📌ဘယ်နှစ်ကွက်နဲ့ ပွဲကို သိမ်းလိုက်မယ်၊

📌ဘယ်လို တိုက်ကွက်နဲ့ ပြိုင်ဘက် Check make ဖြစ်အောင် လုပ်မလဲ အမြဲစဥ်းစားနေရတာပါ။

✅ Chess ကစားပြီဆို Rule တွေ၊ Method တွေသုံးပြီး ကစားရသလို

✅ ကစားနေသူက Opening game, Middle game, end game တွေ အကုန်မှာ သေချာ အာရုံစိုက် စဥ်းစားရတာမို့ Creativity ကို တိုးစေပါတယ်။


၄။ ။ အားကစား တစ်ခုခုလုပ်ပါ။

✅ အားကစားနည်း တစ်ခုခုကို လိုက်စားပါ။

✅ အားကစားနည်းတိုင်းမှာ နည်းစနစ်တွေ၊ ဗျူဟာတွေကို စနစ်တကျ လေ့လာရပြီး အသုံးပြုရတာမို့ ဦးနှောက်ကိုလည်း ရှယ်အလုပ်ပေးရပါတယ်။

📌 နောက်တစ်ချက်က အားကစားတော်တော်များများက တွန်းတွန်းတိုက်တိုက် ကစားရတာမို့ ချွေးထွက်ပြီး ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါသေးတယ်။


၅။ ။ ပန်းချီတွေ ဆွဲပါ၊ ဓာတ်ပုံတွေ ရိုက်ပါ။

✅ ပန်းချီ ဆွဲတာ ၊ ဓာတ်ပုံတွေ ရိုက်တာက မိတ်ဆွေရဲ့ Creativity ကို တိုးတက်လာစေပါတယ်။

✅ ပန်းချီ ဆွဲခြင်းက ခံစားချက်တွေ၊ ဘယ်လို ဆွဲရင်ကောင်းမလည်းဆိုတဲ့ စိတ်ကူးစိတ်သန်းတွေကို ပုံဖော်ရတာမို့ မိတ်ဆွေရဲ့ Creativity ကို တိုးလာစေပါတယ်။

✅ ထိုနည်းတူစွာပဲ ဓာတ်ပုံ ရိုက်ခြင်းကလည်း တောတောင်အလှတွေကို ခံစားလို့ရမယ်၊

နောက်တစ်ခုက…

📌 ဘယ်လိုရိုက်ရင် လှမလဲ၊

📌 ဘယ်လို ပုံလေးတွေက စိတ်ဝင်စားစရာကောင်းမဆိုတာကို စဥ််းစားရတာတွေရယ်ကြောင့် Creativity Skill ကို တိုးတက်လာစေပါတယ်။


၆။ ။ Think out the box

✅ ပုံစံခွက်ထဲက ခွဲထွက် စဥ်းစားပါ။

✅ သူများမစဥ်းစားတဲ့ ရှုထောင့်တွေကနေ စဥ်းစားတတ်ခြင်းက မိတ်ဆွေအတွက်

📌 Critical Thinking Skill ကို တက်လာစေသလို

📌 Creativity Skill ‌ကို လည်း တိုးလာစေပါတယ်။


၇။ ။ စိတ်ကို ခဏ အနားပေးလိုက်ပါ။

✅ Creativity ကောင်းအောင် ဘာလုပ်ရမလဲ၊ ဘာလုပ်မလဲ နဲ့ လေ့လာနေရတာ များလာတဲ့အခါ ပင်ပန်းလာကြမှာပါ။

✅ ဦးနှောက်ကို အလုပ်တွေ အရမ်းပေးတဲ့အခါ ပူထူပြီးတော့ တစ်ခါတစ်လေ ရှပ်ထွေးကုန််တတ်ပါတယ်။

📌 ဒီတော့ မိတ်ဆွေရဲ့ စိတ်တွေကို ဘာမှမလုပ်ဘဲ ခဏလောက်ဖြစ်ဖြစ် အနားပေးလိုက်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *