December 22, 2024
Productivity

နေ့သစ်တွေကို Productive ဖြစ်စေဖို့

🎯ပြိုင်ဆိုင်မှုပြင်းထန်တဲ့ နေ့သစ်တိုင်းအတွက် မိတ်ဆွေဟာ အောင်မြင်နေဖို့ အမြဲတမ်း ပြင်ဆင်နေရမှာပါ။

🎯လုပ်တဲ့အလုပ်တွေ ပိုပြီး စနစ်တကျလုပ်နိုင်ဖို့က မိတ်ဆွေ လိုက်နာ နေထိုင်ရမည့် အချက်လေးတွေ ရှိပါတယ်။

📌ကျောင်းမှာပဲ ဖြစ်ဖြစ်၊

📌 အလုပ်မှာပဲ ဖြစ်ဖြစ်၊

🎯 နေ့တိုင်းက Prductive Day တွေ ဖြစ်နေစေဖို့အတွက်ဆို အောက်က အချက်လေးတွေက အများကြီး အထောက်အပံံ့ပေးမှာပါ။


၁။ ။ နေ့သစ်အတွက် Plan တွေကို ညကတည်းက လုပ်ပါ။

✅ မိတ်ဆွေရဲ့ နေ့သစ်တွေမှာ Productive ဖြစ်စေဖို့အတွက် နောက်နေ့လုပ်ရမည့် အလုပ်တွေကို ညမအိပ်ခင်ကတည်းက ဘာလုပ်မယ်၊ ဘာလုပ်မယ်ဆိုပြီး Plan ကြိုဆွဲထားသင့်ပါတယ်။

✅ ဒါဆို နောက်တစ်ရက်ကျ အလုပ်တွေကို အစီအစဥ််တကျလုပ်နိုင်မှာပဲဖြစ်ပါတယ်။

တကယ်လို့…

📌 နောက်တစ်ရက်မှာ မပြီးလိုက်တဲ့အလုပ်တွေကိုလည်း နောက်ထပ်‌ နေ့သစ်မှာ ဆက်လုပ်နိုင်ဖို့ ညဘက်မအိပ်ခင်မှာ Plan လုပ်ထားသင့်ပါတယ်။


၂။ ။ လန်းဆန်းတဲ့ နေ့သစ်နဲ့အတူ နိုးထပါ။

✅ နေ့သစ်တွေ Productive ဖြစ်ဖို့ဆို မိတ်ဆွေရဲ့ မနက်ခင်းတွေက Fresh (လန်းဆန်းတက်ကြွ) နေမှဖြစ်မှာပါ။

✅ ဒီတော့ ‌လန်းဆန်တဲ့ နေ့သစ်ဖြစ်ဖို့ကလည်း ညဘက်တွေမှာ စောစောအိပ်ဖို့လိုပါတယ်။

✅ တစ်ရက်ကို အနည်းဆုံး (၈) နာရီ ပြည့်ပြည့်ဝဝ အိပ်တာက မိတ်ဆွေအတွက် လန်းဆန်းတက်ကြွတဲ့ နေ့သစ်တွေကို ပိုင်ဆိုင်စေမှာပါ။

( တစ်ရက် ၈ နာရီ ပြည့်အောင် မအိပ်ဖြစ်ရင်တောင် အနည်းဆုံး ၆ နာရီလောက်တော့ အိပ်ချိန်ရှိသင့်ပါတယ်။)

✅ ညအိပ်ခါနီး ‌Coffee သောက်တာ ကို ရှောင်ကြဥ််သင့်ပါတယ်။

✅ Coffee မှာပါတဲ့ Caffine ဓာတ်က မိတ်ဆွေရဲ့ အိပ်ချင်တဲ့စိတ်ကို ပျောက်စေမှာပဲ ဖြစ်ပါတယ်။

✅ နောက်တစ်ချက်က ညအိပ်ခါနီး ဖုန်း အကြာကြီးသုံးတာကို လျော့သင့်ပါ‌တယ်။

တကယ်လို့ အိပ်မပျော်သေးဘူးဆိုရင်လည်း…

📌 စာအုပ်ဖတ်လိုက်တာဖြစ်ဖြစ်၊

📌 တရားထိုင်လိုက်တာဖြစ်ဖြစ် လုပ်လိုက်တာက မိတ်ဆွေအတွက် အများကြီး အကျိုးရှိစေပါတယ်


၃။ ။ စိတ်ကို အကောင်းဆုံး စုစည်းနိုင်ဖို့ မနက်တိုင်း ကြိုးစားပါ။

✅ ညဘက်ကို စောစောအိပ်ပြီး နေ့သစ်ရဲ့မနက်တိုင်းမှာ Fresh ဖြစ်နေရုံနဲ့ မလုံလောက်သေးပါဘူး။

✅ ညမှာလုပ်ထားခဲ့တဲ့ Plan ကို ပြန်လည်သုံးသပ်ပြီး ဘယ်လိုကောင်းအောင်လုပ်မလဲဆိုတဲ့ စိတ်ကို ထည့်ထားရပါမယ်။

✅ နောက်တစ်ချက်က အသစ်အဆန်း တစ်ခုခုကို ၁၀မိနစ်ခန့် အချိန်ပေး‌‌ လေ့လာလိုက်တာမျိုးပေါ့။

Focus Mind ဖြစ်စေဖို့ဆို အလွယ်ကူဆုံးအနေနဲ့…

📌 နိုးနိုးချင်း မိတ်ဆွေရဲ့ ‌အိပ်ရာလေးကို သေချာ ခေါက်ခပ်ပြီး သိမ်းတာမျိုး

📌 မိတ်ဆွေရဲ့ အခန်းမီးတွေ၊ Aircon တွေ၊ အိမ်မီးတွေကို အလုပ်မသွားခင် သေချာလေး ပိတ်ခဲ့လိုက်တာမျိုးက နေ့သစ်အတွက် မိတ်ဆွေလုပ်စရာရှိတဲ့ အလုပ်တွေအတွက် အကြို Focus Mind ကို သွင်းလိုက်တာပဲ ဖြစ်ပါတယ်။


၄။ ။ တစ်ရက်တာ Goal အသေးလေးတွေချပြီး Achievement ဖြစ်အောင်လုပ်ပါ။

✅ နေ့သစ်မှာ လုပ်ရမယ့် အလုပ်တွေထဲက ဘယ်အလုပ်ကိုတော့ ပြီးအောင်လုပ်မယ်ကွာဆိုပြီး Achievement ရအောင်လုပ်ပါ။

📌 Achievement အသေးလေးတွေကနေ မိတ်ဆွေအတွက် Achievement အကြီးကြီးတွေရဖို့ကိုလည်း Confident ရစေပါတယ်။


၅။ ။ ဖုန်းနဲ့ ခပ်ဝေးဝေးနေပါ။

✅ ဒီလိုပြောလိုက်လို့ မိတ်ဆွေကို ဖုန်း လုံးဝ မသုံးနဲ့တော့လို့ ပြောလိုက်တာ မဟုတ်ပါဘူးနော်။

📌 မနက််အိပ်ရာ နိုးနိုးချင်း ဖုန်းကို ကောက်ကိုင်ပြီး Socia Media ကြည့်နေတာမျိုး၊

📌 ဘယ်သူတွေ Message တွေ ပို့ထားလည်း ကြည့်နေတာမျိုး တွေကို ရှောင်ခိုင်းတာပါ။

✅ နောက်ပြီး တစ်ရက်တစ်ရက် ဖုန်းသုံးတဲ့အချိန်တွေကို လျော့ဖို့ပါ။

✅ အလုပ်အတွက် ဖုန်းသုံးနေရင်က ကိစ္စမရှိပေမယ့် Social Media သုံးပြီး အချိန်ကုန်တာမျိုးတော့ မဖြစ်စေနဲ့ပေါ့ဗျာ။

📌 ဖြစ်နိုင်ရင် တစ်ရက် ဘယ်နှစ်နာရီပဲ Social Media တွေ၊ အကျိုးသိပ်မရှိတဲ့အရာတွေ ကြည့်မယ်ဆိုပြီ အချိန်လေး သက်သက်မှတ်မှတ်ထားသင့်ပါတယ်။


၆။ ။ နေ့သစ်တွေကို Schedule ချထားပါ။

✅ နေ့သစ်တွေ အတွက် မိတ်ဆွေ ညထဲက Plan ထားတာတော့ ဟုတ်ပါပြီ။

✅ အဲ့ Plan တွေကို နေ့သစ်အစမှာ Schedule ထဲ ထည့်ဖို့လိုပါတယ်။

📌 ဒါမှ ရုံးရောက်ရင် ဘာတွေလုပ်ရမလည်းဆိုတာကို သိရမှာ ဖြစ်သလို၊

📌 ထပ်ပေါ်လာမယ့် အလုပ်တွေကိုလည်း Schedule ထပ်ဖြည့်လို့ရပါအုံးမယ်။

🎯 Schedule လုပ်ထားတာက ဘာတွေလုပ်ပြီးသွားပြီ၊ ဘာတွေထပ်လုပ်ရအုံးမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိသွားမှာပဲ ဖြစ်ပါတယ်။


၇။ ။ Expend Your Social Network over daily coffee

✅ Coffee က မိတ်ဆွေရဲ့ နေ့သစ်တွေကို အောင်မြင်မှုတွေကို ယူဆောင်လာပေးသလို

မိတ်ဆွေရဲ့ Social Network ကျယ်ပြန့်လာတာကလည်း မိတ်ဆွေရဲ့ နေ့သစ်တွေမှာ အမြဲ ကူညီပေးမယ့်သူ၊ အားပေးမယ့်သူတွေ များလာစေမှာပါ။

✅ ဒါကြောင့် မိတ်ဆွေဟာ အလုပ်လုပ်နေတဲ့ သူတစ်ယောက်ဆိုရင် LinkedIn အကောင့် တစ်ခုတော့ ဖွင့်ထားသင့်ပါတယ်။

✅ LinkedIn ကနေ နေ့စဥ် မိတ်ဆွေနဲ့ နယ်ပယ်တူသူတွေနဲ့ ချိတ်ဆက်ထားလို့ရသလို အလုပ်တွေသိရအောင် Company တော်တော်များများရဲ့ HR တွေနဲ့လည်း ချိန်ဆက်ထားသင့်ပါတယ်။

📌 မိတ်ဆွေရဲ့ LinkedIn Profile ကို သေချာ ဖန်းတီးထားခြင်းက Recruiter‌ တွေ အတွက် အလွယ်တကူ ကြည့်လို့ရသလို သူတို့ Company အတွက် မိတ်ဆွေရဲ့ Skill တွေက ကိုက်ညီနေရင် အလွယ်တကူ Message Box ကနေပြီး လာရောက် ကမ်းလှမ်းမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *