December 21, 2024
Productivity

အကျင့်ဆိုးတွေကို ပျောက်စေဖို့…

🎯 လူတွေရဲ့ အကျင့်တွေဟာ နှစ်ရှည်လများ လုပ်ဆောင်လာခဲ့တာဖြစ်လို့ လွယ်လွယ်နဲ့ ဖျောက်ဖို့ဆိုတာ တော်တော်ခက်ပါတယ်။

🎯 အကျင့်ဆိုးတွေကို ဖျောက်ချင်တဲ့စိတ်လေး ဝင်လာရင်တော့ မြန်မြန်နဲ့ဖျောက်နိုင်မှာပါ။

🎯 ကောင်းတဲ့အကျင့်တွေကို လုပ်ဆောင်နိုင်ဖို့နဲ့ တိုးတက်တဲ့ဘဝပိုင်ဆိုင်ဖို့အတွက် အကျင့်ဆိုးတွေကို ရှင်းထုတ်လိုက်ပါ။

📌အကျင့်ဆိုးတွေ ရှိနေပြီး ပျောက်ချင်တဲ့သူတွေအတွက် ‌အောက်မှာဖော်ပြထားတဲ့ စာလေးတွေက အသုံးဝင်စေမှာပါ။


၁။ ။ ကိုယ့်ရဲ့ အကျင့်ဆိုးတွေက ဘာလဲဆိုတာ သိပါစေ

✅ ပထမဆုံး အနေနဲ့ မိမိရဲ့အကျင့်ဆိုးတွေက ဘာလဲဆိုတာကို သိအောင်လုပ်ဖို့ပါ။

(တစ်ကိုယ်ကောင်းဆန်တာလား၊ ပိုက်ဆံ အသုံးကြမ်းတာလား၊ အပျော်အပါးအရမ်းမက်တာလား)

✅ ကိုယ်တိုင်မသိနိုင်ဘူးဆိုရင်တောင် အခြားသူတွေကတော့ လွယ်လွယ်နဲ့ မြင်နိုင်ပါတယ်။

📌 ဒါကြောင့် အကျင့်ဆိုးတွေကို ပျောက်ချင်ရင်တော့ မိမိနဲ့ရင်းနှီးတဲ့သူကို မေးတာထက် သိပ်မရင်းနှီးတဲ့သူကို မေးတာက အမှန်ကို ပိုသိရနိုင်ပါတယ်။


၂။ ။ အကျင့်ဆိုးတွေကို ပြင်ချင်တဲ့စိတ် ရှိပါစေ

✅ မိတ်ဆွေရဲ့အကျင့်ဆိုးတွေက ဘာလဲဆိုတာ သိပြီးရင် ပြင်ချင်စိတ်ကို အရင်မွေးပါ။

✅ မကောင်းတဲ့အကျင့်ဆိုးတွေကို ‌ပြင်လိုက်မှ မိတ်ဆွေ ဘဝ ပိုတိုးတက်လာမှာပါလား ဆိုတာကို တွေးပါ။

📌 ပြီးရင် ကြိုးစားပြီး ပြင်ပါတော့…


၃။ ။ အကျင့်ဆိုးတွေ လုပ်မိနေအောင် ပါဝင်နေတဲ့သူငယ်ချင်းတွေနဲ့ မတွေ့ဘဲနေပါ။

✅ အကျင့်ဆိုးတွေက တစ်ချို့က ကိုယ်တိုင်ကြောင့် ဖြစ်နေတယ်ဆိုပေမယ့်လည်း များသောအားဖြင့်က ကိုယ်ပေါင်းတဲ့ သူငယ်ချင်တွေနဲ့ အများကြီး သက်ဆိုင်ပါတယ်။

✅ ကိုယ်ပေါင်းတဲ့သူတွေထဲမှာ အသုံးအဖြုန်းကြီးတဲ့သူတွေရှိလား၊ အပျော်အပါး အလွန်မက်တဲ့သူတွေရှိလား…

📌 ဘယ်လောက်ပဲဲခင်ခင် အဲ့လိုလူတွေ အမြဲတမ်း မတွေ့ပါနဲ့တော့…


၄။ ။ အကျင့်ဆိုးတွေကို ‌ကောင်းတဲ့အကျင့်တွေနဲ့ အစားထိုးပြီးလုပ်ကြည့်ပါ။

✅ အကျင့်ဆိုးတွေအတွက် အချိန်တွေ ကုန်ခဲ့ကြမှာပါ…

✅ အခုကစပြီး အကျင့်ဆိုးတွေကို ကောင်းတဲ့အကျင့်တွေနဲ့ ပြောင်းလဲလိုက်ပါ။

📌 အသစ်သစ်တွေ လေ့လာတာမျိုး၊ ကျန်းမာရေးလိုက်စားတာမျိုး၊ စာအုပ် တစ်ပတ် တစ်အုပ် ဖတ်တာမျိုး တွေကို ပြောင်းလဲဲလုပ်သင့်ပါတယ်။


၅။ ။ ပြင်နိုင်ရင် ကိုယ့်ကိုယ်ကို ဆု ‌ပေးလိုက်ပါ။

✅ အကျင့်ဆိုးတွေကို တစ်ခုပြင်လိုက်နိုင်တိုင်း ကိုယ့်ကိုယ်ကို ဆုတစ်ခါချပါ။

📌 ဒါက လူကို Motivate ဖြစ်စေသလို၊ ‌စိတ်ကိုလည်း ပျော်ရွှင်စေပါတယ်။

—————

🎯 မိတ်ဆွေတို့ ဒီနေ့ကစပြီး မကောင်းတဲ့ အကျင့်ဆိုးတွေကို ဖျောက်ပလိုက်ပြီး ဘဝတိုးတက်စေဖို့အတွက် အချိန်ပို ပေးလိုက်ပါတော့…

Leave a Reply

Your email address will not be published. Required fields are marked *