ဒီတစ်ပတ်မှာတော့ STP ရဲ့ တတိယတစ်ခုဖြစ်တဲ့ Market Positioning အကြောင်းပဲ ဖြစ်ပါတယ်။
မိမိ Target ထားမဲ့ Audienceတွေ သတ်မှတ်ပြီးတဲ့အခါမှာတော့…
ထို Target Audienceတွေရဲ့ စိတ်ထဲမှာ ကိုယ့် Brand ကို ဘယ်လိုပုံစံနဲ့ စွဲထင်ကျန်အောင် လုပ်မလဲဆိုတာက STP ရဲ့ နောက်ဆုံး Step ဖြစ်တဲ့ Market Positioning (ဈေးကွက်နေရာယူခြင်း) ပဲဖြစ်ပါတယ်။
အရှေ့မှာ ကိုယ်ခွဲခဲ့တဲ့ Segment တွေ၊ ရွေးချယ်ထားခဲ့တဲ့ Target Audience တွေ က ကိုယ့် Brand အတွက် ကိုက်ညီပြီး Niche ဖြစ်စေမယ့် Market မျိုးဖြစ်နေအောင် စဉ်းစားဖို့ လိုအပ်ပါတယ်။
ဒီလို စဉ်းစားတဲ့နေရာမှာ မိမိလုပ်ငန်းနဲ့ ပုံစံတူတဲ့သူတွေဆီကနေ သူတို့ Brand ရဲ့ Target Audience တွေ စိတ်ထဲမှာ ဘယ်လိုနေရာယူထားသလဲဆိုတာ လေ့လာလို့ရသလို …
အောက်မှာဖော်ပြထားတဲ့ Positioning Strategy (၃) မျိုးထဲက မိမိ Brand နဲ့ ကိုက်ညီမဲ့ Strategy ကို ရွေးချယ်လို့ရပါသေးတယ်။
၁။ ။ Symbolic Positioning
(သိသာထင်ရှားစေမယ့် အမှတ်အသားတွေနဲ့ ဈေးကွက်ကို နေရာယူခြင်း)
ဒီ Positioning Strategy ကိုတော့ Luxury Brand တော်တော်များများ အသုံးပြုကြပါတယ်။
လူတွေရဲ့ စိတ်ထဲမှာ ဒီ Brandတွေကို သုံးလိုက်ရင် သူတို့ရဲ့ ဖြစ်တည်မှုတွေ၊ လူတွေ သူတို့အပေါ် မြင်တဲ့အမြင်တွေ ပြောင်းလဲမြင်နေမယ်ဆိုတဲ့ ခံစားချက်တွေကို ဖြစ်ပေါ်စေပါမယ်။
Luxury Brand သုံးလိုက်လို့ ဂုဏ်ရှိသွားမယ်၊ အရှိန်အဝါတွေ ကြီးလာမယ်လို့ စိတ်ထဲမှာ မြင်နေကြတာပါ။
အဲ့လိုဖြစ်လာစေဖို့ Luxury Brand တွေက နှစ်ပေါင်းများစွာ Brand Imange ကို တည်ဆောက်လာကြတာပဲ ဖြစ်ပါတယ်။
ဒါကြောင့်လည်း သာမန်လူတွေ အနားမကပ်နိုင်တဲ့ Luxury Brand တွေရဲ့ Target Audience တွေဟာ ချမ်းသာတဲ့သူတွေ၊ Manager Level ဝန်ထမ်းတွေ၊ “ငွေကိုသုံးပြီး ဂုဏ်ဝယ်နေတဲ့သူတွေ” ပဲဖြစ်ပါတယ်။
ဥပမာ Brand တွေ အနေနဲ့ –
- အမျိုးသမီးတွေကြားထဲမှာ ရေပန်းစားတဲ့ Louis Vuittonတို့၊ Coach စတဲ့ Fashion Brand များအပြင်
- အမျိုးသားတွေကြားထဲဲမှာ ဒီီ နာရီကို ဝတ်နိုင်ရင်ပဲ အရမ်းချမ်းသာတဲ့ သူဌေး အဖြစ် သတ်မှတ်နိုင်တဲ့ Rolex…
- Apple ကိုင်နိုင်ရင်ပဲ Hype Beast တွေလိုလို
- နောက်ထပ်အနေနဲ့ Luxury Car Brandတွေဖြစ်တဲ့ Audi, Mercedes-Benz, Porsche စတာတွေပဲဲ ဖြစ်ပါတယ်။
၂။ ။ Functional Positioning
(လက်တွေ့ အသုံးဝင်စေပြီး အကျိုးရှိမယ့်အရာတွေကို အရင်ဖန်တီးပေးပြီး ဈေးကွက်ကို နေရာယူခြင်း)
မိမိ Target Audience ဖြစ်တဲ့ Customer တွေရဲ့ ပြဿနာတွေကို ပထမဦးဆုံး ဖြေရှင်းပေးပြီး မိမိတို့က သူတို့အတွက် အချိန်ကုန်လည်း သက်သာစေပြီး လိုအပ်ပါလားဆိုတဲ့ စိတ်ဖြစ်လာအောင် ဖန်တီးရတာပဲဖြစ်ပါတယ်။
ဒါကတော့ IT Company တွေ၊ CRM Software, Finance Software တွေ ရောင်းတဲ့ Company တွေ အများဆုံး သုံးကြတာပါ။
နောက်ပြဿနာတွေ ဖြစ်လာခဲ့ရင် မိမိတို့ကို ခေါ်လို့ရပါတယ်ဆိုတာကို လွယ်လွယ် အသိပေးလို့ရသလို ဒီလိုပြဿနာတွေပေါ်မှာ အချိန်မပေးနိုင်တဲဲ့ သူဌေးတော်တော်များများကလည်း နောက်မဖြစ်စေဖို့ကို အလုပ်ရှုပ်ခံံ မစဉ်းစားနေတော့ အရင်ပြင်ပေးခဲ့ဖူးတဲ့ Company တွေကိုပဲ ပြန်ခေါ်တတ်ပါတယ်။
ဥပမာ Brand တွေ အနေနဲ့ –
- CRM software တွေ ဖြစ်တဲ့ Hubspot၊ Hootsuite
- Financial Support ပေးတဲ့ Software ထုတ်တဲ့ Company တွေ
- Internal IT team မရှိတဲ့ Company တွေ အတွက် External IT Support Company တွေပဲဲ ဖြစ်ပါတယ်။
၃။ ။ Experiential Positioning
(ခံစားမှုတွေ့အကြုံတွေပေးပြီး ဈေးကွက်ကို နေရာယူခြင်း)
မိမိ Target Audience ဖြစ်တဲ့ Customer တွေကို ခံစားမှုတွေ့အကြုံတွေပေးပြီး Brand တွေက Brand Image ကို ပထမဦးဆုံး တည်ဆောက်ကြပါတယ်။
မိမိ Brand နဲ့ Customerတွေကြား Brand Association လုပ်တဲ့အခါမှာ ဘယ်လို စိတ်ခံစား ခံစားမှုတွေ့အကြုံတွေပေးမလဲဆိုတာကို သေချာ ဆုံးဖြတ်ပြီး ဈေးကွက်ကို နေရာယူဖို့ လုပ်လို့ရပါတယ်။
ဥပမာ Brand တွေ အနေနဲ့ –
- ပျော်ရွှင်တဲ့စိတ်ခံစားမှုကို ပေးစွမ်းနိုင်တဲ့ Coca-Cola, Pocky, Max Plus
- စွန့်စားတတ်ပြီးရဲရင့်တဲ့စိတ်ခံစားမှုကို ပေးစွမ်းတဲ့ Red Bull, Off Road Car တွေ, Nike
- မိသားစုဆန်တဲ့စိတ်ခံစားမှုကို ပေးစွမ်းတဲ့ Lifebuoy, E-lan,
- အမြဲဆန်းသစ်တီထွင်တဲ့စိတ်ခံစားမှုကို ပေးစွမ်းတဲ့ Google, Intel, Apple တို့ပဲဖြစ်ပါတယ်။
မိတ်ဆွေတို့ရဲ့ Brand က ဘယ် Positioning Idea နဲ့ ဈေးကွက်ကို နေရာယူရင် ပိုပြီးထိရောက်သလဲဆိုတာ အပေါ်က အချက်တွေဖတ်ပြီး သေချာစိစစ်နိုင်ပြီပေါ့