December 21, 2024
Marketing

ကိုယ့်ကိုယ်ကို Marketing Mix ဖြင့် သုံးသပ်ခြင်း

🎯 လုပ်ငန်းတွေပဲ Marketing Mix ကို အသုံးချလို့ရတာ မဟုတ်ပါဘူး။

🎯 မိတ်ဆွေ ကိုယ့်ကိုယ်ကိုလည်း Marketing Mix လို့ မြင်အောင် ကြည့်လို့ရပါတယ်။

✅အခြေခံ Marketing Mix မှာ 4P ရှိပါတယ်။

Product, Price, Place, Promotion ဆိုပြီးတော့ပေါ့။


📌 အရင်ဆုံး Product ရှူထောင့်ကနေ ကြည့်မယ်ဆိုရင်…

✅ မိတ်ဆွေကိုယ်တိုင်က Product ပဲ ဖြစ်ပါတယ်။

🎯 လုပ်ငန်းတွေအနေနဲ့ Product ကောင်းတစ်ခု ရလာဖို့အတွက်ဆိုရင်

✅ ကုန်ကြမ်းကနေ ကုန်ချော ဖြစ်လာသည််အထိ Quality‌ ကောင်းကောင်း နဲ့ ထွက်လာဖို့ကို ဂရုစိုက်ဖို့ လိုအပ်သလို အပြင်ပန်း Packaging ထုတ်ပိုးမှု သေသက်ခြင်းကလည်း လိုအပ်ပြန်ပါသေးတယ်။

✅ မိတ်ဆွေ အနေနဲ့ဆို ဘာတွေ သိထားပြီးပြီ၊ တတ်ပြီးပြီ လည်းဆိုတာ ကိုယ့်ကိုယ်ကို အရင် မေးဖို့လိုပါတယ်။

✅ ပြီးရင်တော့ လိုအပ်နေတဲ့ အရာတွေကို ဖြည်းဖြည်းချင်း ‌ပြည့်စုံလာအောင်် ဖြည့်ပါ။

ဒါမှလည်း ‌သိတတ်နားလည်တဲ့ သူ တစ်ယောက် ဖြစ်လာစေမှာပါ။


📌 မိတ်ဆွေ ကိုယ့်ကိုယ်ကို Price ရှူထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း…

မိတ်ဆွေ တတ်ကျွမ်းတဲ့ အတတ်ပညာနဲ့ အလုပ်လုပ်မယ်ဆိုရင် ကိုယ်က ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကို ကိုယ်တိုင် သတ်မှတ်နိုင်ရပါမယ်။

Fixed Price မဖြစ်နေဘဲ မိတ်ဆွေရဲ့ တန်ဖိုးက တဖြည်းဖြည်းနဲ့ တိုးလာတာပဲ ဖြစ်အောင် ကြိုးစားနေဖို့ လိုအပ်ပါတယ်။


📌 မိတ်ဆွေ ကိုယ့်ကိုယ်ကို Place ရှူထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း…

✅ မိတ်ဆွေမှာ ရှိတဲ့ အရည်အချင်းတွေနဲ့ ဘယ်လို Company မျိုးမှာ အလုပ်လုပ်လို့ ရမလည်းဆိုတာကို သိရပါမယ်။

✅ တကယ်လို့ မိတ်ဆွေက International Company ကြီးတွေမှာ အလုပ်လုပ်ချင်တယ်ဆိုရင် ကိုယ််က ပိုပြီးတော့ အရည်အသွေးတွေ ပြည့်ဝနေဖို့လိုပါမယ်။

✅ လုံလောက်တဲ့ အရည်သွေးတွေ မရှိသေးဘူးဆိုရင်လည်း အရည်းအသွေးတွေ ပြည့်အောင် ဖြည့်ပြီး ကိုယ့်ရဲ့ တန်ဖိုး တိုးလာအောင် ကြိုးစားနေသင့်ပါတယ်။


📌 မိတ်ဆွေ ကိုယ့်ကိုယ်ကို Promotion ရှူထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း…

✅ မိတ်ဆွေအနေနဲ့ ကိုယ့်ကိုယ်ကို လူတွေသိအောင်၊ အလုပ်ရှင်တွေ သိအောင် Portfolio တွေ တည်အောင်ထားသင့်ပါတယ်။

✅ နောက်ပြီး LinkedIn လို နေရာမျိုးမှာ ကိုယ့်ရဲ့ Profile ကိို သေချာလေး ဆောက်ထားဖို့လိုပါမယ်။

✅ တကယ်လို့… နောက်ပိုင်း အခြေအနေတွေ ငြိမ်သက်ပြီး ပွဲတွေ တက်လို့ရတဲ့အခါ Networking ပွဲတွေ တက်ပြီး ကိုယ့်ရဲ့ Network ကို ချဲ့ထွင်သင့်ပါတယ်။


🎯 အပေါ်မှာ ပြောခဲ့တာတွေက တကယ်တော့ ကိုယ့်ရဲ့ Personal Branding ကို တည်ဆောက်ခြင်းပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *