December 21, 2024
General Knowledge

မိဘမေတ္တာ…

✅ မိဘတွေဟာ သားသမီးတွေအတွက် အမြဲတမ်း အကောင်းဆုံးတွေကိုပဲ ဖန်းတီးပေးချင်နေတဲ့သူတွေပါ။

✅ သူတို့အတွက် ရယူခြင်းမရှိတဲ့ ပေးဆပ်သူ သက်သက်တွေပါ။

✅ သားသမီး တွေ အောင်မြင်တာကိုပဲ အမြဲမြင်ချင်နေတဲ့သူတွေပေါ့….

📌 အဖေတွေဟာ သားသမီးတွေအတွက်၊ အိမ်အတွက် လိုအပ်တဲ့အရာတွေ ‌ဖြည့်ဆည်းနိုင်အောင် မညည်းမညူ ရှာဖွေပေးနေတဲ့သူတွေပါ။

📌 အမေတွေဟာလည်း သားသမီးတွေအတွက်၊ ခင်ပွန်းအတွက် စားရေးသောက်ရေးနဲ့ အိမ်မှုကိစ္စတွေကို အကောင်းမွန်ဆုံးဖြစ်အောင် စီစဥ်ပေးနေတဲ့သူတွေပါ။

✅ သူတို့အတွက် လိုအပ်တာ သားသမီးတွေရဲ့ အောင်မြင်မှုတွေ၊ ချစ်ခြင်းတွေ နဲ့ သိတတ်နားလည်မှုတွေပေါ့။

✅ ကိုယ့်သားသမီးတွေ ဘယ်လောက်ဆိုးဆိုး ဆိုးတယ်လို့မမြင်ဘဲ အမြဲဂရုတစိုက် ချစ်ခင်‌ပေးတာက မိဘပါပဲ။

❤ ဒါဟာ မိဘရဲ့ ‌နွေးထွေးလှတဲ့ မေတ္တာတရားတွေပဲ ဖြစ်ပါတယ်…

✅ ပင်ပန်းရင်တောင် သားသမီးတွေရဲ့အချစ်တွေနဲ့ အမြဲအားပြန် ဖြည့်တတ်သူတွေပါ။

✅ စုန်ရေတာ ရှိပြီး ဆန်ရေမရှိတဲ့ မိဘမေတ္တာတရားကို လူငယ်တိုင်း တန်ဖိုးထား နားလည်ဖို့ လိုအပ်ပါတယ်။

✅ အခုလို ရောဂါတွေ အရမ်းဖြစ်နေတဲ့ ကာလမျိုးမှာ မိဘတွေကို သေချာ ဂရုစိုက် ချစ်ပေးဖို့လိုပါတယ်။


📌 အိမ်အပြင် မထွက်ဖို့

📌 ဘာဝယ်ဝယ် ‌ဆေးဖြန်းယူဖို့

📌 လက်ခဏခဏ ဆေးဖို့

📌 အသက်ရှုလေ့ကျင့်ခန်း ပုံမှန်လုပ်ဖို့

📌 အားရှိတာတွေကို သေချာ စားဖို့

📌 သောက်စရာရှိတဲ့ ဆေးတွေကို သေချာသောက်ဖို့ အမြဲသတိပေး ဂရုစိုက်ပေးနေဖို့လိုပါတယ်။


🎯 အခုလို အချိန်ဟာ မိဘရဲ့ မေတ္တာတရားကို နားလည်ပြီး သေချာ ဂရုစိုက်ပေးကြပါ။

🎯 မိတ်ဆွေအနေနဲ့ ဘဝရဲ့ အစိတ်အပိုင်းတွေမှာ မိဘတွေအတွက် ဘာတွေလုပ်ပေးပြီးပြီလဲဲဆိုတာ ကိုယ်တိုင် ဆန်းစစ်ကြပါ။

🎯 မိဘနဲ့ ချစ်ချစ်ခင်ခင် နွေးနွေးထွေးထွေးနေပြီး လိုအပ်တာကို လုပ်ပေးပြီးပါ။

🎯 ဆွေမျိုးသားချင်းတွေကို ဂရုစိုက်ကြပါ။

တစ်ယောက်နဲ့ တစ်ယောက်….

📌 နွေးထွေးကြင်နာမှုတွေပေးနေဖို့၊

📌 အကူအညီတွေ ပေးနေဖို့လည်း လိုအပ်ပါတယ်နော်…

Leave a Reply

Your email address will not be published. Required fields are marked *