December 21, 2024
English Learning

စာဖတ်တဲ့စကေး ပိုကောင်းလာစေမည့် (၇) ချက်…

📌 ပြီးခဲ့တဲ့အပတ်ထဲမှာ မိတ်ဆွေ English နဲ့ ပက်သက်တဲ့စာတွေ ဘယ်လောက်ဖတ်ခဲ့သလဲ။

📌 ဖတ်ခဲ့တဲ့ထဲကနေရော ဘယ်လောက်နားလည်သလဲ။

🎯အရင်ဆုံံး မိတ်ဆွေ ကိုယ့်ကိုယ်ကို အပေါ်ကမေးခွန်း(၂)ခုကို ပြန်မေးဖို့လိုပါတယ်။

✅ ဘာလို့လည်းဆိုတော့ “လူတွေက ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားသလိုမျိုး” ကိုယ့် Level ကို သေချာမသိဘဲ အရမ်းမြင့်တဲ့စာတွေကို သွားဖတ်နေကြလို့ပါ။

✅ ဒီတော့ မိတ်ဆွေတို့ အရင်ဆုံးလုပ်ရမှာက ကိုယ့် Level ကို စစ်ကြည့်ပါ။

✅ ကိုယ်က ဘယ် Level လောက်က စာအုပ်ကိုဖတ်ရင် တစ်အုပ်လုံးကို နားလည်သလဲဆိုတာကို အရင်ရှာပါ။

✅ ပြီးရင် ကိုယ့် Level နဲ့ ကိုက်မယ့်စာအုပ်တွေကို အရင်ရှာဖတ်ပါ။

(Collion, Oxford က level လိုက်ထုတ်တဲ့ စာအုပ်တွေကို အင်းဝ စာအုပ်ဆိုင်၊ စာပေလောက စာအုပ်ဆိုင်၊ Myanmar Book Center စာအုပ်ဆိုင်တွေမှာ ရှာလို့ရပါတယ်)

🎯 ကိုယ့် Reading Level ကို လည်း သိသွားပြီ၊ စာအုပ်တွေလည်း ရှာလို့ပြီးပြီ ဆိုရင်တော့…

📌 Reading Skill ကို မြှင့်တင်ဖို့အတွက် အောက်မှာဖော်ပြထားတဲ့ အချက် (၇) ချက်က မိတ်ဆွေတို့အတွက် အထောက်အကူပြုပါလိမ့်မယ်။


၁။ ။ စာဖတ်ဖို့အတွက် အချိန်တစ်ခုသတ်သတ်မှတ်မှတ်ထားပါ။

✅ အချိန်ပေးရတယ်ဆိုတာ တကယ်တော့ လွယ်တဲ့အလုပ်မဟုတ်ပါဘူး။

✅ ဒါပေမယ့် မိတ်ဆွေ တိုးတက်ချင်တယ်ဆိုရင်တော့ တစ်နေ့ကို စာဖတ်ချိန် မိနစ် ၃၀ လောက်တော့ ပေးဖို့လိုအပ်ပါတယ်။

✅ ဖတ်ရင်လည်း မိနစ် ၃၀ လုံးကို သေချာ အချိန်ပေး အာရုံစုစည်းပြီး ဖတ်ပါ။

✅ ဒါမှလည်း မိတ်ဆွေအတွက် အကျိုးရှိစေမှာဖြစ်ပါတယ်။

📌တကယ်လို့ အဲ့လောက်အချိန်မပေးနိုင်ဘူးဆိုရင်လည်း တစ်နေ့မှာ ၁၅ မိနစ်လောက်တော့ အနည်းဆုံးပေးပြီး စာကိုဖတ်ဖို့ လိုပါတယ်။


၂။ ။ ကိုယ်ကြိုက်မည့်စာအုပ်အမျိုးအစားကို အရင်ရွေးဖတ်ပါ။

✅ စာအုပ်အမျိုးအစားတွေက အများကြီးရှိပါတယ်။

✅ အဲ့ထဲကမှ ကိုယ်က စွန့်စားတဲ့အကြောင်းရေးတဲ့ စာအုပ်တွေကို ကြိုက်တာလား၊ သမိုင်းအကြောင်းရေးထားတဲ့ စာအုပ်ကို ကြိုက်တာလား၊ အချစ်အကြောင်းရေးထားတဲ့ စာအုပ်ကို ကြိုက်တာလား ‌ဆိုတာကို ‌ဆန်းစစ်ကြည့်ပါ။

✅ တစ်နေ့ကို အချိန် မိနစ် ၃၀ တော့ပေးတယ် ဟုတ်ပါပြီ….ဖတ်နေတဲ့ စာအုပ်က ကိုယ်စိတ်မဝင်စားတဲ့ စာအုပ်အမျိုးအစားဖြစ်နေရင်လည်း ဘာမှထူးမှာမဟုတ်ပါဘူး။

📌 ဒါ့ကြောင့် ကိုယ်စိတ်ဝင်စားမယ့် စာအုပ်အမျိုးအစားကို အရင်ရွေးဖတ်ဖို့လိုပါမယ်။


၃။ ။ Highlight လုပ်ပြီး Note မှတ်သားတတ်တဲ့အကျင့်လုပ်ပါ။

✅ ကိုယ့် level အလိုက် စာအုပ်တွေ ဖတ်ပါစေအုံး..

📌 ကိုယ်မသိတဲ့စာလုံးတွေလည်း ရှိ‌နေမှာပါ၊ နောက်ပြီး ကိုယ်သဘောကျတဲ့ စာကြောင်းလေးတွေ ရှိတတ်မှာပါ။

📌 အဲ့လိုတွေ့ရင် Highlight လုပ်ပြီး မှတ်သားတတ်တဲ့အကျင့်ကို ကြိုးစားလေ့ကျင့်ကြည့်ပါ။


၄။ ။ ကိုယ့်ကိုယ်ကို မေးခွန်းတွေ မေးပါ။

✅ စာအုပ်တွေ ဖတ်နေတဲ့အချိန်မှာရော၊ ဖတ်ပြီးတဲ့အချိန်မှာရော ကိုယ့်ကိုယ်ကို မေးခွန်းတွေ မေးပါ။

စာအုပ်တစ်အုပ်မဖတ်ခင် ကိုယ်ဖတ်မည့်စာအုပ်ထဲမှာ…

📌 Bold or Italics လုပ်ထားတဲ့စကားလုံးတွေ ပါသလား

📌 ခေါင်းစဉ်တွေ၊ ခေါင်းစဉ်ခွဲတွေ ပါသလား

📌 စကားပြောတွေ အများကြီး ပါနေမလား

📌 စာပိုဒ်တွေက တိုသလား၊ ရှည်သလား စတာတွေကို ကိုယ့်ကိုယ်ကို မေးလို့ရပါတယ်။

စာအုပ်ဖတ်ပြီးသွားရင်လည်း ကိုယ်ဖတ်ခဲ့တဲ့စာအုပ်မှာ…

📌 စာအုပ်အကြောင်းအရာက ဘာလဲ

📌 အဓိကအရေးကြီးဆုံးဖြစ်မည့် စာသားက ဘာဖြစ်မလဲ

📌 ရှုပ်ထွေးပြီး နားမလည်လိုက်တဲ့အကြောင်းအရာတွေ ရှိခဲ့သလား

📌 အံ့အားသင့်စေတဲ့ အကြောင်းအရာတွေ ရှိခဲ့သလား စတာတွေကို ကိုယ့်ကိုယ်ကို မေးလို့ရပါတယ်။


၅။ ။ အသံထွက် ဖတ်ကြည့်ပါ။

✅ စာဖတ်တဲ့အခါ စိတ်ငြိမ်အောင် အသံမထွက်တဲ့သူကများပါတယ်။

✅ တကယ်က အသံထွက်ပြီး စာဖတ်တာက Fluency ကိုလည်း တိုးတက်လာစေသလို အသံထွက်ဖတ်တာဖြစ်လို့ Listening ရော၊ Speaking Skill ပါတိုးတက်လာစေပါတယ်။


၆။ ။ ပန်တိုင်တစ်ခု သတ်မှတ်ပါ။

✅ တစ်ပတ်မှာ ဘယ်နှစ်အုပ်ကိုနားလည်သွားတဲ့အထိ ဖတ်မယ်၊ တစ်လမှာ ဘယ်နှစ်အုပ်ကိုနားလည်သွားတဲ့အထိ ဖတ်မယ်စသဖြင့် ရည်မှန်းချက်ပန်းတိုင်လေးတွေကို ချချပြီး ဖတ်သင့်ပါတယ်။


၇။ ။ နောက်တစ်ကြိမ် ပြန်ဖတ်ပါ။

✅ ကိုယ်ဖတ်ပြီးသွားတဲ့စာအုပ်တွေကို နောက်တစ်ကြိမ် ပြန်ဖတ်ပါ။

✅ ကိုယ်သိပြီးသားအကြောင်းအရာတွေဆိုပေမယ့်လည်း နောက်တစ်ခေါက်ဖတ်တဲ့အခါ တွေးတဲ့အတွေးတွေက တူချင်မှတူတော့မှာပါ။

✅ ဒါကြောင့် မတူညီတဲ့ အတွေးအခေါ်အသစ်တွေလည်း ထပ်ထွက်လာစေပါတယ်။


🎯 အပေါ်က အချက်(၇)ချက်က မိတ်ဆွေရဲ့ စာဖတ်စွမ်းရည်တွေကို တိုးတက်လာစေမှာပါ။

🎯 နောက်ပိုင်းမှ တဖြည်းဖြည်း ပိုမြင့်တဲ့စာအုပ်တွေကို ဖတ်သွားနိုင်သလို၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ၊ Website Blog တွေကိုလည်း အေးအေးဆေးဆေး ဖတ်နိုင်သွားမှာပါ။

🎯 အချိန်သေချာပေးပြီး လုပ်ဖို့တော့ လိုတာပေါ့နော်။

Leave a Reply

Your email address will not be published. Required fields are marked *