December 21, 2024
English Learning

English စာ အရေးအသား ပိုကောင်းလာအောင်…

🎯 English စာသင်တဲ့အခါမှာ လူတော်တော်များများအတွက် ဒုတိယအခက်ဆုံးက Writing ပဲ ဖြစ်ပါတယ်။

🎯 ခက်တယ်ဆိုရအောာင်လည်း တကယ်က ပုံမှန် ရေးကျင့် မနေလို့ပါ။

🎯 Speaking ကောင်းချင်ရင် များများပြောဖို့ လိုအပ်သလို Writing ကောင်းဖို့ဆိုရင်လည်း များများ ပြောဖို့လိုအပ်ပါတယ်။

မိတ်ဆွေဟာ Beginner ပဲဖြစ်ဖြစ်၊ Intermediate ဖြစ်နေပါစေအုံး…

📌 အောက်မှာပြောပြထားတဲ့ အချက်လေးတွေက မိတ်ဆွေ English Writing လေ့လာတဲ့နေရာမှာ အများကြီး အထောက်အကူ ဖြစ်စေမှာပါ။


၁။ ။ စာများများ ရေးကျင့်ပါ

🎯 Writing ကောင်းချင်တယ်ဆိုရင်တော့ အဓိက အရေးကြီးဆုံးက ရေးကျင့်နေဖို့ပါ။

✅ လုံးဝ မရေးတတ်သေးလို့ မရေးတာ ပြဿနာမဟုတ်ပါဘူး။

✅ ရေးတတ်ရဲ့သားနဲ့ ရေးရမှာကြောက်လို့ဆိုပြီး မရေးဘဲနေမှ မရေးတတ်ဘဲ ဖြစ်သွားမှာပါ။

✅ ဒါကြောင့် ကိုယ်ရေးတတ်သလောက်ကို တစ်နေ့ တစ်ပုဒ် စရေးပါ။

✅ စာပိုဒ် တစ်ပိုဒ်၊ စာလုံးရေ ၁၀၀ စသဖြင့် ရေးနိုင်သလောက် ပုံမှန်လေး ရေးပါ။

📌 နောက်မှ စာလုံးရေ များများနဲ့ ဖတ်လို့ကောင်းတဲ့စာတွေ ရေးနိုင်အောင်အထိ လေ့ကျင့်လိုက်ပါ။


၂။ ။ Build your Vocabulary

🎯 Writing Skill တိုးတတ်လာဖို့ဆို နောက်ထပ်လိုအပ်တာက Vocabulary ကြွယ်ဝနေဖို့ပါ။

✅ နေ့စဥ် Vocabulary အသစ် (၅)လုံး ၊ (၁၀)လုံး ‌ကို ဖတ်မှတ်ပါ။

✅ ဖတ်မှတ်တဲ့အခါမှာလည်း စကားလုံးတစ်လုံးမှာရှိတဲ့ Noun, Verb, Adj, Adv တစ်ခုစီရဲ့ အဓိပ္ပာယ်တွေကို သိအောင်လုပ်ပြီး Example စာကြောင်းတွေနဲ့ တွဲလေ့လာပါ။

✅ အဲ့ စကားလုံးရဲ့ Synonyms တွေ၊ Antonyms တွေ၊ Collocation တွေ၊ Phrases တွေ ကို လေ့လာပါ။

✅ Writing ‌လေ့ကျင့်တဲ့အခါတိုင်း ဖတ်မှတ်ထားတဲ့ စကားလုံး အသစ်တွေကို ပြန်အသုံးချကြည့်ပါ။

✅ ကိုယ့်ကိုယ်ကို Vocabulary Challange တွေ လုပ်ပြီးလည်း ပြန်လည်ဆန်းစစ်သင့်ပါတယ်။

📌 Vocabulary ကြွယ်ဝတဲ့အခါ စကားလုံးတွေကို မထပ်အောင် ရေးနိုင်သွားမှာပါ။


၃။ ။ Grammar ကို သေချာ ပြန်လေ့လာပါ

🎯 မြန်မာ ကျောင်းသား၊ ကျောင်းသူတွေ တော်တော်များများကတော့ Grammar ကို တော်တော် ပိုင်ကြပါတယ်။

✅ ဒါပေမယ့် Grammar တွေကိုရပါတယ်ဆိုပြီး သေချာ မလေ့လာ၊ မရေးနိုင်ဘူးဆိုပြီီး မရေးဘဲ နေနေတာတွေကြောင့် ‌Grammar အသုံးအနှုန်းတွေကို သေချာ မသိသလို ဖြစ်နေတတ်ပါတယ်။

✅ အခြေခံ Grammar တွေကို သိနေရင်တောင် စာအရေးအသားကောင်းဖို့ကတော့ Grammar ကို နောကျေနေဖို့ လိုပါတယ်။

📌 Writing တိုးတက်လာချင်ရင်တော့ Grammar ကို သေချာလေး ပြန်လေ့လာပြီး အသုံးကျ ရေးသားသင့်ပါတယ်။


၄။ ။ စာရေးပြီးတိုင်း စာလုံးပေါင်း သတ်ပုံ စစ်ပါ

🎯 English Writing တွေ ရေးပြီးတိုင်း စာလုံးပေါင်း သတ်ပုံ စစ်သင့်ပါတယ်။

✅ မှားမှာကိုတော့ မကြောက်ပါနဲ့။

✅ မှားပါများမှ အမှန်ကို မှတ်မိပြီး နောက်ရေးတဲ့အခါ မမှားတော့ဘူးပေါ့။

📌 စာလုံးပေါင်းတွေ၊ Tenseတွေ စစ်တတ်တဲ့ အကျင့်တော့ မွေးထားသင့်ပါတယ်။


၅။ ။ English လိုရေးထားတဲ့စာတွေ များများဖတ်ပါ

———————————

🎯 English စာအုပ်တွေ၊ Websiteတွေ၊ မဂ္ဂဇင်းတွေ ဖတ်တာများမှလည်း စာရေးစွမ်းရည်က တိုးတက်လာမှာပါ။

English စာရေးသားသူတွေက ဘယ်လိုရေးလည်းဆိုတာတွေကို လေ့လာပြီး…

✅ ကိုယ်ကြိုက်တဲ့၊ သဘောကျတဲ့ စာကြောင်းလေးတွေ့ရင် Highlight လုပ်၊

✅ အကျိုးရှိတဲ့ စာကြောင်းလေးတွေကို ကိုယ်ရေးတဲ့အခါကျ ဘယ်လိုသုံးရမလည်းဆိုတာ စဥ်းစား၊

✅ ပြီးရင် ‌ကိုယ်ပိုင်ဟန်နဲ့ ရေးနိုင်အောင် ကြိုးစားရပါမယ်။

📌 ဒီလိုတွေဖြစ်ဖို့ကလည်း English Novel တွေ၊ Website တွေ အပြင် အခြားအခြားသောစာတွေကို ပုံမှန် ဖတ်နေဖို့ လိုပါတယ်။


၆။ ။ Diary ကို English လို ရေးပါ

🎯 Diary ပုံမှန် ရေးတတ််တဲ့သူတွေအတွက်ကတော့ သိပ်တော့ခက်မယ် မထင်ပါဘူး။

✅ ကိုယ်‌ နေ့စဥ် ‌ရေးသားနေတာကို မြန်မာလိုအစား၊ English လို ‌ပြောင်းရေးကြည့်လိုက်ပါ။

✅ ရေးတာကြာလာတာနဲ့အမျှ အပြောင်းအလဲတွေကို တွေ့မြင်ရမှာပါ။

Diary မရေးတတ်တဲ့သူတွေကလည်း…

📌 အခုကစပြီး Diary ကို English လို စရေးကြည့်ပါ။

📌 စီကာပတ်ကုံံး မရေးနိုင်သေးရင်တောင် Note အတိုလေးတွေ စရေးကြည့်ပါ။


၇။ ။ Writing ရေးကျင့်ပြီးတိုင်း တတ်ကျွမ်းနားလည်သူတွေကို ပြပြီး Feedback တောင်းပါ

🎯 ပထမဆုံး အနေနဲ့ နေ့စဥ် ‌ရေးကျင့်ပါ။

✅ ထို့နောက် ရေးကျင့်ထားတဲ့ စာတွေကို တတ်ကျွမ်းနားလည်သူတွေအား ဖတ်ခိုင်းကြည့်ပါ။

✅ ပြီးရင်တော့ သူတို့ဆီက ဘယ်လိိိုပိုကောင်းအောင်် လုပ်သင့်သလဲဆိုတာကို အကြံဥာဏ်တွေကို တောင်းပါ။

———

“ရေရှည် ပုံမှန်လေ့ကျင့်မှ ပိုမိုတိုးတက်လာမှာပါ”

🎯 ဒီတော့ အပေါ်မှာဖော်ပြထားတဲ့အချက်တွေက မိတ်ဆွေတို့ရဲ့ English Writing Skill တိုးတက်လာဖို့အတွက် အကျိုးရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *