December 21, 2024
English Learning

English စာ နားထောင်နိုင်စွမ်းအား ပိုကောင်းလာအောင်…

🎯 English စာ လေ့လာသူ တော်တော်များများအတွက် အလွယ်ကူဆုံးအရာက Listening Skill ပဲ ဖြစ်မှာပါ။

🎯 လူတွေက English သီချင်းတွေ သေချာနားထောင်ဖြစ်ကြတယ်၊ English movie တွေ အကြည့်များကြတယ်။

🎯အဲ့ဒါတွေကြောင့်လည်း မိတ်ဆွေအတွက် Listening Skill က Skill ၄ ခု မှာ အလွယ်ကူဆုံး ဖြစ်နေတာပါ။

📌 ဒါပေမယ့် မိတ်ဆွေရဲ့ Listening Skill ကို ပိုပြီး တိုးတက်ကောင်းမွန်စေဖို့ အောက်မှာ ဖော်ပြပေးထားတဲ့ အချက်တွေက အထောက်အကူ ဖြစ်စေမှာပါ။


၁။ ။ အချိန်တစ်ခု ပေးပါ။

✅ စာဖတ်အခါ အချိန် မိနစ် ၃၀လောက် ပေးသလိုပဲ Listening လေ့ကျင့်ဖို့အတွက် တစ်ရက်ကို ၁၅ မိနစ် – မိနစ် ၂၀ လောက် အချိန်ပေးသင့်ပါတယ်။

📌 အဲ့ဒါကိုမှ ဘယ်နှစ်မိနစ်ကို English Podcast လေးတွေ နားထောင်မယ်…

📌 ဘယ်နှစ်မိနစ်ကို Listening Exercise လေးတွေ လုပ်မယ်ဆိုပြီး ပြန်ခွဲသင့်ပါတယ်။


၂။ ။ English Podcast တစ်ပုဒ်ကို ‌တစ်ပတ်လောက် နေ့တိုင်း ပြန်နားထောင်ပါ။

✅ English Podcast တွေကို နားထောင်တတ်တဲ့ အကျင့်ကို အရင်လုပ်ပါ။

✅ ကိုယ်ကြိုက်တဲ့ အကြောင်းအရာ Podcast လေးတွေ ကို နားထောင်လို့ရပါတယ်။

✅ အဓိက က English Podcast တွေကို နားထောင်နေဖို့ပါပဲ။

🎯 အဲ့ဒါကိုမှ ထပ်ဖြည့်ရရင် ကိုယ်ကြိုက်လို့ နားထောင်တဲ့ Podcast တစ်ပုဒ်ကို အထပ်ထပ်အခါခါ တစ်ပတ်လောက် နားထောင်ကြည့်ပါ။

🎯 ပထမ တစ်ရက်၊ နှစ်ရက် မှာတော့ ‌အကုန် သေချာ နားလည်အုံးမှာ မဟုတ်သေးပါဘူး။

📌 တစ်ပတ်ပြည့်တဲ့အခါမှာ ၁၅ မိနစ်စာ Podcast တစ်ခုလုံးက မိတ်ဆွေအတွက် သေချာနှောကျေပြီး အလုံးစုံ သိသွားမှာပဲ ဖြစ်ပါတယ်။


၃။ ။ Audio Speeds ‌ကို ‌ပြောင်းပြီးနားထောင်ကြည့်ပါ။

🎯 English Podcast တွေ နားထောင်တာပဲ ဖြစ်ဖြစ်၊

🎯 English Movie တွေ ကြည့်တဲ့အခါပဲ ဖြစ်ဖြစ်၊

🎯 YouTube Video တွေ ကြည့်တာပဲ ဖြစ်ဖြစ်၊

🎯 Listening Exercise တွေ နားထောင်တာပဲ ဖြစ်ဖြစ်၊

✅ ဘာပဲ နားထောင် နားထောင် Audio Speed တွေကို 1x , 2x, 3x စသဖြင့် Speed တိုးတိုးပြီး နားထောင်သွားကြည့်ပါ။

📌 အဲ့လို နားထောင်ပြီးသွားတဲ့အခါ 1x Speed နဲ့ ပြန်နားထောင်ကြည့်လိုက်ရင် သင့်အတွက် နားထောင်ရတာ အရမ်း Convenience ဖြစ်သွားတာကို တွေ့ရမှာပါ။


၄။ ။ မတူညီတဲ့ Accent တွေကို နားထောင် ကြည့်ပါ။

✅ လူတွေက US Accent၊ UK Accnet နဲ့ သီချင်းတွေ၊ movie တွေ၊ video တွေကိုပဲ နားထောင်ကြတဲ့သူများပါတယ်။

✅ အပြောင်းအလဲ ဖြစ်သွားအောင် Japanese Accent၊ Australian Accent၊ Filipino Accent နဲ့ ပြောတဲ့ English Podcast တို့၊ Video တိုကို နားထောင်ကြည့်ပါ။

✅ လုပ်ငန်းခွင်တွေမှာရှိတဲ့ နိုင်ငံခြားသားတွေကလည်း မတူညီတဲ့ Accent ရှိတဲ့ သူတွေပဲ ဖြစ်မှာပါ။

📌 ဒါကြောင့် ဒါကိုလည်း အလေးထားပြီး ကျင့်ထားဖို့လိုပါတယ်။


၅။ ။ Read, Speak and Listen at the same time

✅စာအုပ်ဖတ်တဲ့အခါတိုင်းမှာ အသံထွက်ပြီး ဖတ်တဲ့အတွက်…

🎯 Reading‌ Skill ရော၊

🎯 Speaking ရော တိုးတက်လာမှာ ဖြစ်သလို

🎯 ထွက်လာတဲ့ အသံကို ပြန်နားထောင်တဲ့အတွက်လည်း Listening Skill ကို တိုးတက်လာစေမှာပါ။


၆။ ။ အသံသွင်းထားတဲ့ ကိုယ့်စကားတွေကို အိပ်တဲ့အခါ နားထောင်ပါ။

✅ ဒါက တကယ်ကို ကောင်းတဲ့ အလေ့အကျင့်တစ်ခုပါ။

✅ Speaking ကျင့်တဲ့အခါ အသံသွင်းထားပြီး သွင်းထားတဲ့ အသံံကို အိပ်ခါနီးတိုင်း နားထောင်ကြည့်ပါ။

📌 ပြောထားတဲ့ Speaking မှာ ဘာတွေလိုလည်းဆိုတာ သိရမှာ ဖြစ်သလို Listening ကို ‌ကျင့်ပြီးသားလည်း ဖြစ်သွားတာပေါ့။


၇။ ။ English Conversationတွေကို နားစွန်နားဖျား နားထောင်တတ်ပါစေ

🎯 ရုံးတွေမှာပဲ ဖြစ်ဖြစ်၊

🎯 Englsih သင်တန်းတွေမှာပဲ ဖြစ်ဖြစ်၊

🎯 တစ်နေရာရာမှာပဲ ဖြစ်ဖြစ်၊

✅ English Native Speakerတွေ ပြောနေတာကို နားစွန်နားဖျားကြားပြီဆိုတာနဲ့ သေချာနားထောင်တတ်တဲ့အကျင့်လုပ်ပါ။

📌 အဲ့လိုဆို မိတ်ဆွေရဲ့ Listening Capability ကို တိုးလာစေမှာပါ။


၈။ ။ Conversation Club တွေ Join ပါ။

✅ နောက်ဆုံးအချက်အနေနဲ့ မိတ်ဆွေအနေနဲ့ Conversation Club‌‌ တွေ၊ Group တွေမှာ Join ထားသင့်ပါတယ်။

✅ ဒီလိုဆို မိတ်ဆွေ ကိုယ်တိုင် ဝင်ပြောရတဲ့အတွက် Speaking Skill တက်လာမှာ ဖြစ်သလို သူများတွေ ပြောတာကို သေချာလိုက်နားထောင်ရတာ ဖြစ််တဲ့အတွက်လည်း Listening Skill ကိုလည်း ပိုမိုတိုးတက်လာစေမှာပါ။

—————

🎯 ဘာပဲလေ့ကျင် လေ့ကျင့်ပါ၊ တစ်ခုချင်းစီ လေ့ကျင့်နေတာထက်…

📌 English 4 Skills ကို ဘယ်လို‌‌ ပေါင်းစပ်လေ့လာရင် ပိုကောင်းမလဲ၊ တိုးတက်မှု ပိုရှိမလဲ ဆိုတာကို စဥ်းစားပြီး သေချာလုပ်ဆောင်သင့်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *