December 21, 2024
English Learning

English Grammar ပိုကောင်းလာအောင်…

🎯 English မှာ 4 Skills က အရေးကြီးသလို Grammar ကလည်း လိုအပ်တဲ့အရာတစ်ခုပဲ ဖြစ်ပါတယ်။

🎯 Grammar ကို ကောင်းကောင်း သုံးနိုင်လား၊ မသုံးနိုင်လား ဆိုတာ သင်ရေးလိုက်တဲ့ စာတွေ၊ ပြောလိုက်တဲ့ စကားတွေကို ကြည့်ပြီး ဆုံးဖြတ်လို့ရပါတယ်။

🎯Grammar ကောင်းတဲ့အခါ အရေးအသားတွေက ‌သေသပ်ပြီး ကောင်းမွန်နေမှာပါ။

🎯 ဒီလို ဖြစ်ဖို့အတွက်် အောက်က အခြေခံ အချက်လေးတွေက အနည်းငယ် အထောက်အကူ ဖြစ်စေမှာပါ။


၁။ ။ အခြေခံ က စပြီး သေချာ ပြန်လေ့လာပါ။

✅ ဒါက ‌အရေးကြီပါတယ်…

✅ ကိုယ်က Grammar ကို ဘယ်အဆင့်လောက်ပဲရရ၊ အစကနေ သေချာလေး နှောကျေအောင် ပြန်လေ့လာထားသင့်ပါတယ်။

📌 ဖြစ်နိုင်ရင် Grammar စာအုပ်ကောင်းကောင်း တစ်အုပ်ကို ဝယ်ထားသင့်ပါတယ်၊


၂။ ။ Apostrophes (’) တွေကို ဂရုစိုက်ပါ။

✅ ပိုင်ဆိုင်မှုပြခြင်းအကြောင်း ပြောတဲ့အခါပဲ ဖြစ်ဖြစ်၊

✅ လိုအပ်တဲ့နေရာတွေမှာ မထည့်လိုက်မိတာဘဲ ဖြစ်ဖြစ်

Apostrophes (’) မပါသွားခဲ့ရင် အဓိပ္ပာယ်တွေ ပြောင်းလဲသွားတတ်ပါတယ်။

📌 ဒီတော့ သတိထားပြီး ဂရုစိုက်ဖို့ လိုပါတယ်။

☘ Example

Its – It’s

Their – They’re

Were – We’re

Sisters – Sister’s


၃။ ။ ကိုယ်တိုင်မရပ်တည်နိုင်တဲ့…အစချီ Sentence တွေ နောက်မှ Comma (,) အမြဲထည့်ပါ။

✅ ဝိဘက်တွေ ဖြစ်တဲ့ (Before,After) အပြင်

✅ Sentence တစ်ခုအနေနဲ့ မရပ်တည်နိုင်ဘဲ တစ်ခုခုကို ဝိဘက်နဲ့ အစချီပြီး noun or pronoun အဆုံးသတ်အနေနဲ့ ‌ရေးထားတဲ့ စာကြောင်း အနောက်မှာ Comma (,) ကို သေချာလေးထည့်ဖို့ လိုပါတယ်။

☘ Examples

Under the pile of clothes, we found his wallet.

After a hard day at work, Jean loves to relax in the backyard.


၄။ ။ Heteronyms (homophones), Prefixes and Suffixes တွေ ကို တွဲမှတ်ပါ။

✅ Word တစ်လုံးကို မှတ်တဲ့အခါ

📌 သူ့ရဲ့ Prefixes တွေ

📌 သူ့ရဲ့ Suffixes တွေ အပြင်

📌 အသံထွက်တူနိုင်တဲ့ စကားလုံးတွေကိုပါ မှတ်သား ထားသင့်ပါတယ်။

☘ Example

Happy _ un-happy

Use _ re-use , use-ful

Pay _ re-pay, pay-able

response _ ir-respons-ible

ထပ်ပေါင်း အနေနဲ့

🎯 ဆန့်ကျင်ဘက်စကားလုံးတွေ( Antonyms),

🎯 အဓိပ္ပာယ်တူတဲ့စကားလုံးတွေ (Synonms) ကိုလည်း ပူးတွဲ လေ့လာသင့်ပါတယ်။


၅။ ။ (A,An,The) articles ကို နားလည်းအောင် သေချာလုပ်ပါ။

✅ Grammar မှ Basic အဖြစ်ဆုံးဖြစ်တဲ့ A,An,The အသုံးတွေကို နှောကျေဖို့လိုပါမယ်။

📌definite (the) and

📌indefinite (a/an)

🎯ယေဘုယျအားဖြင့် သေချာမသိတာတို့၊ မသဲကွဲတာတို့ဆို (A,An) ကို သုံးရပြီး

ဘယ်သူဘယ်ဝါ ဘယ်အရာကို ‌သေချာ သိတယ်ဆိုရင်တော့ (The) ကို သုံးရပါတယ်။

☘ Examples:

Someone called a doctor.

Someone called the doctor living the next door.


၆။ ။ Countable and Uncountable (noncount) nouns ‌သိပါစေ။

✅ Noun တွေကို…

📌Countable noun လား

📌Uncountable noun လား

သေချာ သိဖို့လိုပါတယ်။

တစ်ချို့ Noun တွေဆို Countable အနေနဲ့ရော၊ Uncountable‌ ‌အနေနဲ့ပါ သုံးလို့ရတဲ့ Noun တွေ ရှိပါသေးတယ်။


၇။ ။ Vocabulary Range တိုးလာအောင် လုပ်ပါ။

✅ Sentence တွေကို ဝေဝေဆာဆာ ရေးနိုင်ဖို့အတွက်

✅ အဓိပ္ပာယ်တူနေရင်တောင် စကာလုံး မထပ်ဖို့က Vocabulary များများ သိထားမှ ရမှာပါ။

📌 Level အလိုက် သိထားသင့်တဲ့ Vocabulary အလုံးရေ တွေကို ‌ကျက်မှတ်ထားသင့်ပါတယ်။


၈။ ။ စာရေးတိုင်း အမြဲ Spelling စစ်နေသင့်ပါတယ်။

✅ Spelling အမှားတွေ နည်းစေဖို့က…

📌Grammar ပဲ လေ့ကျင့် လေ့ကျင့်၊

📌Writing တွေပဲ ရေးရေး အမြဲစစ်နေသင့်ပါတယ်။

🎯 Spelling အမှားကင်းလာတော့…

📌စာဖတ်သူရဲ့ ‌လေးစားအားကျမှုကို ရစေသလို

📌မိတ်ဆွေကိုယ်တိုင်လည်း ယုံကြည်တွေကို ဖြစ်ပေါ်စေပါတယ်။


🎯 Grammar ကောင်းရင် ‌မိတ်ဆွေရဲ့ စာတွေက ကြွရွပြီး လှနေစေမှာပါ။

🎯တိုးတက်ဖို့က ကြိုးစားနေဖို့လိုပါတယ်။ ‌

🎯ဝီရိယထားရပါမယ်။

🎯 ဒါမှ မြန်မြန် ‌ဖြစ်လာစေမှာပါ…

Leave a Reply

Your email address will not be published. Required fields are marked *