December 22, 2024
English Learning

Duolingo English Test အကြောင်း အစုံအလင် သိချင်နေကြသူများအတွက်…

အခုလို ကာလမှာ IELTS ၊ TOFEL Test တွေ ဖြေလို့မရတဲ့ အချိန်မှာ Online ကနေ အလွယ်တကူ ဖြေလို့ရပြီး နိုင်ငံခြားကျောင်းတော်တော်များများကလည်း လက်ခံတဲ့ English Test တစ်ခုအကြောင်းကို ပြောပြပေးချင်ပါတယ်။

အဲ့ဒါကတော့ Duolingo English Test ပဲဖြစ်ပါတယ်။

Duolingo English Test ဟာ Duolingo Language Platform ကို ဖန်တီးထားတဲ့ Company ကနေ English Test ကို လူတိုင်းတတ်နိုင်ပြီး ဖြေရတာလွယ်ကူအဆင်ပြေစေတဲ့ English Test ဖြစ်အောင် ပြုလုပ်ထားပေးပါတယ်။

Duolingo English Test ရဲ့ အဓိက အားသာချက်က online ဖြေလို့ရတာပါ။ တစ်ခြား Test တွေလို Appointment ယူစရာမလိုပဲ အိမ်မှာ webcam ပါတဲ့ Computer ရယ်၊ အလင်းရောင်ရပြီး တိတ်ဆိတ်တဲ့ အခန်းရယ်၊ Internet line ကောင်းကောင်းရယ်ရှိရင် ဖြေလို့ပါပြီ။

Duolingo English Test က AI based ဖြစ်တာကြောင့် Test ဖြေဆိုသူရဲ့ ဖြေဆိုနိုင်စွမ်းပေါ်မူတည်ပြီး မေးခွန်းတွေရဲ့ ခက်ခဲမှုဟာ ပြောင်းလဲနေမှာပဲဖြစ်ပါတယ်။

Webcam ကနေ အကုန်မြင်ရနေတာမို့ ခိုးကြည့်တာတို့၊ ဖုန်းကြည့်တာတို့ လုံး၀ လုပ်လို့မရပါဘူး။

Duolingo English Test ကို ဖြေဆိုဖို့ အချိန် တစ်နာရီပဲ လိုအပ်ပါတယ်။

အမှတ်စာရင်းကိုလည်း 48 နာရီအတွင်း မိမိ email ကို ပြန်ပို့ပေးမှာပါ။ ကိုယ်လျောက်ထားတဲ့ university တွေကို Duolingo English Test website ကနေတစ်ဆင့် ရှာပြီး ကျောင်းတွေကို တိုက်ရိုက် ပို့လို့လည်း ရပါတယ်။

Duolingo English Test ကို Institution ထောင်ပေါင်းများစွာကလည်း လက်ခံကြပါတယ်။

အထူးသဖြင့် US Universities တော်တော်များများက IELTS / TOFEL အစား လက်ခံကြတာပါ။


Test Format

Question TypesFrequency
Read and Complete     3–7 times each (6 on average)
Read and Select    3–7 times each (6 on average)
Listen and Select                             3–7 times each (6 on average)
Listen and Type    3–7 times each (6 on average)
Read Aloud    3–7 times each (6 on average)
Write About the Photo          3
Speak About the Photo                    1
Read, Then Write                               1
Read, Then Speak                              1
Listen, Then Speak                            1
Writing Sample                                  1
Speaking Sample                               1
Read and complete
Read and Select
Listen and Select
Listen and Type
Read Aloud
Write about the Photo
Speak about the Photo
Read, Then Write
Read, Then Speak
Listen, Then Speak
Writing Sample
Speaking Sample

အပေါ်မှာပြထားတာကတော့ မေးလေ့ရှိတဲ့ Test Format ပဲ ဖြစ်ပါတယ်။

အသေးစိတ်ကို Duolingo English Test taker PDF file (https://drive.google.com/file/d/1Egf_IiVKeJlyGVoE7BO5xK3KjG00AbdW/view?usp=sharing) ကို Download လုပ်ပြီးလေ့လာနိုင်ပါတယ်။ PDF ထဲမှာ Duolingo English Test အကြောင်းကို သေချာလေး သိရမဲ့အပြင် Simple Test လေးတွေလည်းပါပါတယ်။


Preparation

Duolingo English Test ကို မဖြေခင် Preparation လုပ်ချင်ရင်တော့

  • 15 မိနစ်စာ Practice Test ကို Website မှာ ကြိုက်သလောက်ဖြေလို့ရပါတယ်။
  • YouTube မှာ လေ့လာချင်ရင်တော့ English Teacher Luke – Duolingo English Test (https://www.youtube.com/channel/UCCgyi5G7VHcn6zKXo_LTwFg) ကို ရှာပြီး Full Test and Answer တွေ၊ Other Tips တွေကို ကြည့်ပြီးလေ့ကျင့်လို့လည်းရပါတယ်။

Test Rules and Requirements

Test Rules

  1. တိတ်ဆိတ်ပြီး အလင်းရောင်ရှိတဲ့ အခန်းထဲမှာ တစ်ယောက်ထဲရှိနေရပါမယ်။
  • နားရွက်တွေကို ဖုံးမထားပဲ မြင်နေတဲ့အနေအထားရှိရပါမယ်။
  • မျက်နှာဟာ ပြတ်သားစွာ မြင်သာ နေရပါမယ်။
  • Headphones or earphones သုံးလို့မရပါဘူး။
  • ဖြေဆိုနေတဲ့ စာပွဲးနားမှာ ဖုန်း ၊ ဖတ်စာအုပ်တွေ၊ မှတ်စုစာအုပ်တွေ ရှိနေလို့ မရပါဘူး
  • ဖြေဆိုနေချိန် အခြားသူတွေနဲ့လည်း စကားပြောလို့မရပါဘူး။
  • ဖြေဆိုနေတဲ့နားမှာ စာရွက်တွေ၊ စာရေးကိရိယာတွေ မရှိရပါ။
  • ကွန်ပျူတာ screen ​ဘောင်ထဲကနေ ဘေးဘယ်ညာအပေါ်အောက် ဘယ်ကိုမှ မကြည့်ပါနဲ့။
  • ဖြေဆိုနေချိန် ဘာအကြောင်းနဲ့မှ ဖြေဆိုနေတဲ့ Duolingo App အပြင်ကို မထွက်ပါနဲ့။
  1. အခြား webcam/webcam softwareတွေ မသုံးပါနဲ့။
  1. Second monitorတွေ or screen sharing softwareတွေ မသုံးပါနဲ့။
  1. Speaking section မှာ ပေးထားတဲ့ အကြောင်းအရာကို အနည်းဆုံး စက္ကန့် ၃၀ ပြည့်အောင် ပြောမှ အမှတ်ကောင်းမှာပါ။
  1. အခြားသူရဲ့ informationတွေ၊ ID cardတွေ ကို ယူသုံးပြီး မဖြေပါနဲ့။

Test Requirements အနေနဲ့

သင့်မှာ

  • Passport or Driver’s license ရှိရပါမယ်။
  • တိတ်ဆိတ်ပြီး အလင်းရောင်ရှိတဲ့ အခန်း
  • မိနစ် ၆၀ (တစ်နာရီ) အားလပ်ချိန်
  • လိုင်းကောင်းတဲ့ အင်တာနက်ကွန်နက်ရှင်
  • အရှေ့ကင်မရာရော speakerရော ပါတဲ့ ကွန်ပျူတာ တို့ ရှိရပါမယ်။

Do & Don’t

Do

၁။ Test Format ကို နားလည်အောင် ကြည့်ပါ။

၂။ Question type တစ်ခုချင်းစီကို သတ်မှတ်ထားတဲ့ အချိန်အတွင်း အမှီ ဖြေနိုင်အောင် ကျင့်ပါ။

၃။ Practice များများလုပ်ပါ။

၄။ လိုင်းကောင်းမှ ရမှာဖြစ်သလို မီးမပြတ်နိုင်တဲ့အချိန် ရွေးဖြေတာ အကောင်းဆုံးပါ။ ( မီးပြတ်တာပဲ ဖြစ်ဖြစ်၊ လိုင်းကျသွားရင်ပဲ ဖြစ်ဖြစ် အစကနေပြန်ဖြေရမှာပဲ ဖြစ်ပါတယ်။)

၅။ တစ်ခုလွတ်သွားလည်း ကျန်တာတွေကို ကြိုးစားဖြေပါ။

Don’t

၁။ Front webcam ဘောင်အပြင်ရဲ့ အပေါ်တွေ၊ ဘေးဘယ်ညာတွေကို ယောင်လို့တောင်မကြည့်ပါနဲ့။ (တကယ်လို့ကြည့်မိလိုက်ရင် Test ကို review လုပ်ပြီးရင်တောင် နှစ်ရက်နေရင် ပြန်ဖြေရမဲ့ email ရနိုင်ပါတယ်)

၂။ လုံး၀လုံး၀ တိတ်ဆိတ်ပြီး လူသံတွေ၊ခွေးသံတွေ၊ဖုန်းသံတွေ မကြားရပါစေနဲ့။

၃။ နားကြပ်လုံး၀ မတပ်ပါနဲ့။

၄။ Speaking မှာ စက္ကန့် ၃၀ ပြည့်အောင် မပြောပဲ မနေပါနဲ့။

၅။ ပုံကို ကြည့်ပြီးရေးရတဲ့ Writing ဆို တစ်ကြောင်းတည်းပဲ မရေးပါနဲ့၊ ပိုရေးနိုင်သလောက်ရေးပါ။

     5 မိနစ် Writing မှာလည်း Word (စကားလုံး) ၅၀ မပြည့်လို့မရပါဘူးနော်။


Fee

  • Duolingo Test Fee ကတော့ USD 49 $ ကျသင့်မှာပဲ ဖြစ်ပါတယ်။
  •  Visa card or PayPal Account နဲ့ ငွေချေလို့ရပါတယ်။

 အခုလောက်ဆို အတော်စုံသလောက်ရှိသွားပါပြီ။

 သိချင်တာ ရှိသေးရင်လည်း comment Box မှာ မေးလို့ရပါတယ်။

သင့်အတွက် အကျိုးရှိစေတယ်ဆို မသိသေးတဲ့သူတွေလည်း သိရအောင် Share ပေးလိုက်ပါအုံးဗျ။

Leave a Reply

Your email address will not be published. Required fields are marked *