December 22, 2024
Digital Marketing

Content Writer တစ်ယောက်ဖြစ််ရန်အလို့ငှာ…

📌 Content Writer တစ်ယောက်ဖြစ်ဖို့ တကယ်မဖြစ်မနေ တစ်ခုတော့လိုအပ်ပါတယ်…

📌စာများများ ရေးဖို့ပါ။

📌 အဲ့လိုစာများများရေးမှလည်း တဖြည်းဖြည်း သင့်ရဲ့စာတွေက ပိုပိုကောင်းလာမှာပဲဖြစ်ပါတယ်။

🎯 Brand တွေအတွက် Content Writer ဖြစ်ဖို့ကတော့…

– မိတ်ဆွေရဲ့ Brand အကြောင်းတွေ၊

– Personality တွေ၊

– tag line တွေ၊

– Tone of Voice တွေကို သေချာ နောကျေနေဖို့လိုပါမယ်။

(နောက် Post တွေမှ အကျယ်တဝင့် ပြောပြပေးပါမယ်)

ဒီတော့…

📌 Content Writer ဖြစ်ချင်တဲ့ မိတ်ဆွေတို့အတွက် အောက်မှာဖော်ပြထားတဲ့ အချက်တွေက အများကြီး အထောက်အကူပြုစေမှာပါ။


၁။ ။ ‌ရေးပါ၊‌ ရေးပါ၊ ရေးပါ

✅ Content Writer ဖြစ်ချင်ရင်တော့ Content များများ ရေးကိုရေးရပါမယ်။

✅ရေးလိုက်တဲ့ Content မကောင်းမှာဆိုးလို့ဆိုပြီး မ‌ရေးဘဲနေနေတာက မိတ်ဆွေရဲ့ လုပ်နိုင်စွမ်းကို ပိုကျစေပါတယ်။

✅ ပုံမှန် အမြဲရေးကျင့်ကြည့်ပါ။ ‌

📌 ရေးတာများလာတဲ့အခါ မိတ်ဆွေရဲ့ ရေးနိုင်စွမ်းအား တိုးတက်လာတာကိုလည်း တွေ့မြင်ရမှာပါ။

၂။ ။ ‌Pick Niche

✅ ကိုယ်က ဘယ်လိုစာမျိုးရေးရတာကို စိတ်ဝင်စားပြီး ရေးရင်ပိုအားသန်သလဲဆိုတာကို အရင်ဆုံးရှာပါ။

Business

Psychology

Beauty

Food

Technology

Environment စတာတွေထဲက ကိုယ်စိတ်ဝင်တစားရေးမယ့် Area ကို ရွေးချယ်ပါ။

✅ အပေါ်က တစ်ခုချင်းစီကိုလည်း အသေးစိတ် ထပ်ခွဲလို့ရပါသေးတယ်။

မိတ်ဆွေရဲ့စာတွေကို ဖတ်မယ့် Target Audience ကို သေချာစီစစ်ပြီး ရွေးချယ်တာဟာ…

📌 ရေးရတဲ့မိတ်ဆွေအတွက်ရော၊ စာဖတ်တဲ့သူအတွက်ပါ ပိုပြီး အကျိုးရှိစေပါတယ်။

📌 ရှာရတာတဲ့အခါမှာလည်း လွယ်သလို “သူက ဘာအကြောင်းတွေကို အဓိကထားရေးတာ” စသဖြင့် စာဖတ်သူတွေအချင်းချင်းပြောကြရင်း word-of-mouth ကိုလည်း တိုးလာစေပါတယ်။


၃။ ။ ကိုယ်ပိုင်စာရေးမည့် Facebook Page‌ လေးတစ်ခုလုပ်ပါ။

✅ Content Writer တစ်ယောက် အတွက် Facebook ဟာ အကောင်းဆုံး Audience Network တစ်ခု ဖြစ်ပါတယ်။

✅ အခုမှ Content Writer တစ်ယောက် ဖြစ်ချင်သူတွေအဖို့တော့ ကိုယ်ပိုင် Page လေး Create ပြီး စရေးသင့်ပါတယ်။

📌 နောက်ပိုင်းမှ Content Writer အလုပ်လေးရှာပြီး Brandတွေအတွက်‌ ‌ရေးတာ နောက်မှပေါ့။


၄။ ။ Content Calendar ကို တစ်လစာလောက် ဆွဲတတ်အောင် အရင်ကျင့်ပါ။

✅ အပေါ်မှာ ကိုယ်ရွေးချယ်ထားခဲ့တဲ့ Target Audience အတွက် ကိုယ့်ရဲ့ Pageလေးမှာ ဘာစာတွေရေးမယ်ဆိုတာကို တစ်လစာ ကြိုဆွဲထားသင့်ပါတယ်။

ဆွဲတဲ့အခါမှာလည်း…

📌 နေ့ထူးနေ့မြတ်တွေအတွက်ရော၊

📌 Social Media မှာ Trending ဖြစ်တဲ့ နေ့ရက်အဆန်းလေးတွေကိုပါ ထည့်ပြီး ‌ဆွဲရပါမယ်။

🎯 နောက်ပိုင်းမှ ၃လစာ၊ ၆လစာ၊ ၁နှစ်စာ Content Calendar ဆွဲနိုင်အောင်လုပ်ပြီး (၂)ပတ်စာလောက် ကြိုဖန်တီးတတ်တဲ့ အကျင့်လေးကို မွေးထားသင့်ပါတယ်။


၅။ ။ များများရှာ၊ များများဖတ်၊ များများတွေး

✅ Content Writer တစ်ယောက်က Research ကောင်းကောင်းလုပ်တတ်နိုင်ဖို့က တော်တော်အရေးကြီးပါတယ်။

မိတ်ဆွေရေးရမည့် Topic တစ်ခု ကောင်းသထက်ကောင်းဖို့ဆိုရင်…

📌 ထို Topicနဲ့ ပက်သက်တဲ့ အချက်အလက်တွေကို များများရှာပြီး များများဖတ်ဖို့ လိုအပ်ပါတယ်။

📌 ဖတ်ရုံနဲ့ မပြီးသွားဘဲ ရလာတဲ့ အချက်အလက်တွေအပေါ်မှာ ကိုယ်ပိုင်အာဘောနဲ့ ဘယ်လို ကောင်းအောင် ရေးမလဲဆိုတာ Brainstrom လုပ်ဖို့လည်း လိုအပ်ပါတယ်။

🎯 ပြီးမှ သေချာ ရေးပါ။

☘ ဒီလိုဆို ကောင်းမွန်တဲ့ Content ကောင်းတွေ ဖြစ်လာစေမှာပါ။


၆။ ။ ပုံပြောကောင်းပါစေ

✅ လူတော်တော်များများက ပုံပြင်တွေ နားထောင်ရတာ ကြိုက်ကြသလို စာဖတ်ကြတဲ့အခါမှာလည်း သူတို့ကို သေချာပြောပြနေသလို ဖြစ်နေတဲ့ စာတွေကို ပိုဖတ်ကြပါတယ်။

✅ Content တစ်ပုဒ်မရေးခင် အပေါ်ကအချက်လေးတွေနဲ့ ‌သေချာပြင်ဆင်ပြီး Content ကောင်းတစ်ပုဒ်ဖြစ်လာအောင်် မိတ်ဆွေ ဖန်တီးဖို့လိုအပ်ပါတယ်။

🎯 အချက်အလက်ပြည့်စုံနေရင်တောင် မိတ်ဆွေက စာဖတ်သူတွေကို ကိုယ်တိုင် ပြောပြသလိုလေး ရေးတဲ့အခါ ဖတ်တဲ့သူတွေက ပိုပြီး သဘောကျမှာ ဖြစ်ပါတယ်။


၇။ ။ Eye Catching ဖြစ်မယ့် Headline (ခေါင်းစဥ်‌) ‌‌‌ရေးပါ။

✅ Content တစ်ပုဒ်ကို လူတွေ ဖတ်တယ်၊ မဖတ်ဘူး ဆိုတာ မိတ်ဆွေဖန်တီးထားတဲ့ Headline (ခေါင်းစဥ်) က ဘယ်လောက် စိတ်ဝင်စားဖို့ ကောင်းနေသလဲအပေါ်မှာ မူတည်ပါတယ်။

✅ ရေးထားတဲ့ Headline ကို မြင်လိုက်ရင် ဒီ Content ကိုဆက်မဖတ်ဘဲမနေနိုင်အောင် စွဲဆောင်နိုင်ဖို့လိုပါတယ်။

✅ ဒါကြောင့် Content တစ်ပုဒ်ရဲ့ အသက်က Headline (ခေါင်းစဥ်) ‌ပေါ်မှာ မူတည်နေတယ်လို့ ‌Marketing ဆရာတွေတော်တော်များများက ပြောကြတာပါ။

🎯 ဆရာကျလာဖို့ကတော့ များများ ဖန်တီးနေဖို့ပါပဲ။


၈။ ။ Content ရေးပြီးသွားတိုင်း စာလုံးပေါင်း ပြန်စစ်ပါ။

———————-

✅ Beginnerတွေပဲဖြစ်ဖြစ်၊ တော်တော်ရေးတတ်နေတဲ့သူတွေပဲဖြစ်ဖြစ် ‌Content ရေးပြီးတိုင်း စာလုံးပေါင်းသတ်ပုံ ပြန်စစ်သင့်ပါတယ်။

✅ ဘယ်လောက် Perfect ဖြစ်နေပါစေ…

📌 စာလုံးပေါင်းသတ်ပုံ မှားနေတာတွေကြောင့် ရေးထားသမျှ အလကားဖြစ်သွားတတ်ပါတယ်။

🎯 ဒါကြောင့် Content ရေးပြီးသွားတိုင်း အနည်းဆုံံး နှစ်ကြိမ်လောက်တော့ စာလုံးပေါင်းသတ်ပုံ စစ်သင့်ပါတယ်။


၉။ ။ Be Consistent

✅ နောက်ဆုံးအနေနဲ့ အရေးကြီးဆုံးအချက်က အမြဲပုံမှန် တစ်သမတ်တည်း ရေးပါ။

✅အပတ်တိုင်း ပုံမှန်ရေးနေမှ စာဖတ်သူတွေက ပုံမှန်လာဖတ်နေမှာပဲဖြစ်ပါတယ်။

✅တစ်ပတ်ရေးလိုက် နောက်တစ်ပတ် မရေးလိုက်နဲ့ဆို Page လုပ်ထားပြီး ကိုယ့်ရဲ့လုပ်နိုင်စွမ်းကိုလည်းကျစေသလို မိတ်ဆွေရဲ့ စာတွေကို စောင့်ဖတ်တဲ့သူတွေကိုလည်း မလေးစားသလို ဖြစ်နေပါအုံးမယ်။

🎯 ဒါကြောင့် ပုံမှန် ‌ရေးတတ်တဲ့ အကျင့် လုပ်ပါ။

♟ Content Writer ဖြစ်ချင်တဲ့သူတွေအတွက် အပေါ်က အချက်လေးတွေက အများကြီး အထောက်အကူပြုလိမ့်လို့ ယုံကြည်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *