December 22, 2024
Brand Story

Gillette (Brand Story)

✅ Gillette Blades လို့ပြောလိုက်ရင် အမျိုးသားထုကြားထဲမှာ မသိတဲ့သူ ခပ်ရှားရှားဖြစ်မှာပါ။

✅ ဘာလို့လည်းဆိုတော့ Gillette Brand ဟာ အမျိုးသားတွေရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ် အသုံးပြုနေရတဲ့အရာမို့လို့ပါ။

📚ဒီလိုနာမည်ကြီးတဲ့ Gillette Brand အကြောင်းကို အခုတစ်ပတ်မှာ ပြောပြပေးသွားတော့မှာပဲဖြစ်ပါတယ်။

“We’ll stop making razor blades when we can’t keep making them better” ဆိုပြီးပြောခဲ့တဲ့ King Camp Gillette ဟာ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးလုပ်ငန်း နှင့် ဆံပင်ညှပ်ဆိုင်လုပ်ငန်းတွေအတွက်

Gillette Blade ကို စတင်ယူဆောင်ပေးခဲ့တဲ့သူပဲဖြစ်ပါတယ်။

📌 အမျိုးသားတွေဟာ 1800 ခုနှစ် နောက်ပိုင်းမှာ မျက်နှာကို ပိုပြီးဂရုစိုက်‌ထိန်းသိမ်းလာကြပါတယ်။

နှုတ်ခမ်းမွှေးများကို အရှည်ထားတဲ့နေရာမှာလည်း သေချာသန့်ပြန့်နေအောင် ထားကြတာဟာ Trend တစ်ခုဖြစ်လာတယ်။

📌 နှုတ်ခမ်းမွှေးကို ဆံပင်ညှပ်ဆိုင်တွေမှာ တစ်ပတ်ကို နှစ်ခါ၊ သုံးခါလောက်သွားပြီး သေချာရိတ်လာကြတယ်။

📌 ဒါကိုသိတဲ့ King Camp Gillette ဟာ Razor Blades တွေကို အမျိုးသားထုအတွက် ပိုကောင်းပြီး အရည်အသွေးရှိအောင် သေချာတီထွင်ထုတ်လုပ်ရင်း သူ့ရဲ့ အမှတ်တံဆိပ် Gillette ဆိုပြီး နာမည်ရလာပါတော့တယ်။

📌 အခုဆိုရင် Gillette ဟာ နှစ်ပေါင်း (၁၀၀) ရှိပြီဖြစ်ပြီး အခုထိလည်း ဆန်းသစ်တဲ့ Blades တွေအပြင်၊ အမျိုးသားတစ်ကိုယ်ရည်သုံး ပစ္စည်းအသစ်များစွာကိုလည်း ထုတ်လုပ်ရောင်းချလာပြီပဲ ဖြစ်ပါတယ်။


” The Best A Man Can Get”

ဆိုတဲ့ tagline အတိုင်း Gillette ဟာ အမျိုးသားတွေအတွက် အကောင်းဆုံးစေဖို့ ယုံကြည်မှုတွေရယ်၊ စိတ်ဓာတ်ခွန်အားတွေနဲ့ တစ်ဒေါင့်တစ်နေရာကနေ ပံ့ပိုးပေးနေတာပဲဖြစ်ပါတယ်

🎯 ‌ရဲရင့်တယ်၊ ယောကျ်ားဆန်တယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်၊ အောင်မြင်မှုကို ဆာလောင်နေတယ် စတာတွေဟာ Gillete ရဲ့ Brand Personality တွေဖြစ်ပါတယ်။

💡 ဒါကြောင့်လည်း အမျိုးသားများ အားထားရတဲ့ Manly Type Brand တစ်ခုပဲ ဖြစ်ပါတယ်။


Gillette မှာ Product တွေ အနေနဲ့

1.Planet KIND

2.Razors & Trimmers

3.Blade Refills

4.Starter Kits

5.Beard Care & Body

6.Shave Sets

7.Heated Razor ဆိုပြီး Category (၇)မျိုးရှိပါတယ်။

📌 Category တစ်ခုစီအောက်မှာလည်း Product တွေများစွာ ထုတ်လုပ်ထားတာဖြစ်လို့ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် ‌လိုအပ်တာတွေကို ရွေးချယ် ဝယ်ယူနိုင်တာပေါ့။


📌 အားလုံးလည်း Gillette Brand ရဲ့ သမိုင်းအကျဉ်းလေးနဲ့ Brand ရဲ့ တန်ဖိုးထားမှုတွေ၊ Products အကြောင်းလေးတွေကို သဘောကျမယ်လို့ ထင်ပါတယ်။

☘ နောက်အပတ်တွေမှာ ဘယ် Brand အကြောင်းကို တင်ဆက်ပေးမလဲဆိုတာကို Facebook Page နဲ့ Website ကို Follow လုပ်ပြီး စောင့်ကြည့်ပေးကြပါအုံး။

♟ သတင်းအချက်အလက်တွေအတွက် www.gillette.comကို Credit ပေးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *