December 22, 2024
Marketing

Organic Engagement တိုးလာအောင် ဘယ်လိုလုပ်မလဲ…

🎯 အခုဆို လူတွေက Boosting လုပ်ဖို့ကိုပဲဲ သည်းကြီးမည်းကြီး လုပ်နေကြပါတယ်။

🎯 Organic Reach ရအောင် လုပ်ဖို့ မလုပ်ချင်ကြပါဘူး။

🎯Paid Reach တွေက တကယ်တော့ Organic Reach တွေကိုလည်း ကျစေပါတယ်။

🎯 Organic Reach ကို ဖြေးဖြေးချင်း တည်ဆောက်တာက မိတ်ဆွေရဲ့ Page အတွက်ရော၊ Brand တွေ အတွက်ပါ Customer အစစ်တွေကို ရစေမှာပါ။

📌 ဒါကြောင့် ‌အောက်မှာ ပေါ်ပြပေးထားတဲ့ အချက်လေးတွေက မိတ်ဆွေ Page ရယ်၊ Brnad ရယ် အတွက် အကျိုးရှိစေမှာပါ။


၁။ ။ Sale Post တွေကြီးပဲ မတင်ပါနဲ့

✅ နေ့တိုင်း၊ အပတ်တိုင်း Sale Post တွေ ခဏခဏ တင်နေရင် Customer တွေရဲ့ စိတ်ဝင်စားမှုကို ‌ကျစေမှာပါ။

ဒီတော့…

📌 Customer တွေကို Educate လုပ်ပေးနိုင်မယ့် Post တွေ

📌 Customer တွေကို Entertain လုပ်ပေးနိုင်မယ့် Post တွေ

📌 သတင်းဦး၊သတင်းထူးရှိရင် အသိပေးတဲ့ Post တွေ

📌 နောက်ပြီး မိတ်ဆွေတို့ Customer တွေ အတုယူအားကျစရာ Post လေးတွေ တင်ပေးပါ။


၂။ ။ မိမိ Audience ‌ကို သေချာ သိပါစေ။

✅ မိတ်ဆွေ ဘယ်လို Business ပဲ လုပ်လုပ် မိတ်ဆွေရဲ့ Audience ကို သေချာ သိဖို့လိုပါတယ်။

🎯 Target Audience ကို သိရုံနဲ့မလုံလောက်ပါဘူး…

✅ မိတ်ဆွေ Audience ရဲ့ Nature ကိုပါ သေချာ နားလည်အောင် လေ့လာထားမှာ နောက်ပိုင်း ဘယ်လို Post လေးတွေ တင်ပေးရမလည်း ဆိုတာ သိလာမှာပါ။


၃။ ။ Post Quality ‌ကို ဂရုစိုက်ပါ။

✅ မိတ်ဆွေ ဘာ Post ပဲ တင်တင် Post Quality ကို ထိန်းပေးဖို့လိုပါတယ်။

✅ မိတ်ဆွေက Customer တွေအတွက် Valueတွေ၊ Knowledges တွေ သေချာလေး ရသွားစေချင်တာကို ပေါ်လွင်ဖို့အတွက် Quality ကောင်းတဲ့ Post တွေ ဖြစ်နေအောင် ဖန်တီးနေရပါမယ်။


၄။ ။ Trend နောက် အရမ်းမလိုက်ပါနဲ့

✅ လူတော်တော်များများက FB မှာ တစ်ခုခု Trend ဖြစ်ပြီဆို Trend ဖြစ်တဲ့နောက်လိုက်ပြီး Post တွေ ဖန်တီးတတ်ကြပါတယ်။

✅ မိတ်ဆွေ Brand နဲ့ ဘယ်လိုမှ မအပ်စပ်တဲ့ Trending တွေကို ဖန်တီးတာက မိတ်ဆွေရဲ့ Brand Quality ကို ကျစေပါတယ်။

🎯 ဒီတော့ Trend ဖြစ်တိုင်း မတင်ပါနဲ့တော့ မိတ်ဆွေ…


၅။ ။ မေးခွန်းမေးပါ။

✅ မိတ်ဆွေရဲ့ Customer တွေကို အမြဲတမ်း မေးခွန်းလေးတွေ မေးပေးပါ။

📌 သူတို့ ဘာတွေလိုအပ်နေလည်းဆိုတာ…

📌 ဘာတွေ ဖြည့်ဆည်းပေးစေချင်လည်းဆိုတာ…

📌 ဘယ် Product တွေကို ဘယ်လို ဖြစ်စေချင်လည်းဆိုတာတွေ ကို ၂ပတ် တစ်ခါ (ဒါမှမဟုတ်) တစ်လ တစ်ခါလောက်တော့ ‌Customer တွေ မေးပေးပါ။


၆။ ။ Facebook Story လေးတွေ တင်ပေးပါ။

✅ အခုနောက်ပိုင်း Engagement တက်စေတာက Story တွေပဲ ဖြစ်ပါတယ်။

ဒီတော့…

📌 မြင်တာနဲ့ သတိထားမိစေမဲ့၊

📌 မှတ်သားစရာ ဖြစ်စေမဲ့ Story လေးတွေ တင်ပေးပါ။


၇။ ။ ဘာ Post ပဲ လုပ်လုပ် Design Quality ကောင်းအောင်လုပ်ပါ။

✅ Post တွေ တင်တိုင်း Design က အမြဲမပါမဖြစ်ပါ။

📌 Video တွေပဲ လုပ်လုပ်…

📌 Digital Display တွေမှာ သုံးမယ့် Design တွေပဲ လုပ်လုပ်…

အမြဲ Image Quality ၊ Design Quality ကို ဂရုစိုက်ဖို့လိုပါမယ်


၈။ ။ မိမိ Page နဲ့ သက်ဆိုင်မယ့် Group တွေကို Join ထားပါ။

✅ မိတ်ဆွေ ဘာ Page ပဲ လုပ်လုပ် မိတ်ဆွေနဲ့ သက်ဆိုင်တဲ့ Group တွေ အကုန်ဝင်ထားပါ။

📌 အဲ့လို Group တွေကနေလည်း Engagement တွေလည်း တိုးစေသလို

📌 မိတ်ဆွေ Customer တွေ ဘာတွေ မေးနေတယ်၊ ဘာတွေ ရှာနေလည်း ဆိုတာတွေကိုလည်း အမြဲ Check လိုက်လုပ်လို့ရပါတယ်။

📌 အမြဲတမ်း Customer တွေကို Value တွေကို ဖန်တီးပေးနေတာခြင်းက မိတ်ဆွေ pageအတွက်ရော၊ Brand အတွက်ပါ ‌‌ရေရှည် Customer Relationship ကို ကောင်းစေသလို Brand Loyalty လည်း ဖြစ်လာစေမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *